
#Local_News
Published 11 November 2026
■ လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပရောက်မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ(၁၅) ထုတ်ယူရမည့်ရက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အသိပေးထားသည်။
■ အဆိုပါအသိပေးချက်တွင် ပုံစံ(၁၅) စတင်ထုတ်ယူနိုင်မည့်ရက်နှင့် အချက်အလက်များ ဖြည့်သွင်းပြီးပါက သက်ဆိုင်ရာ မြန်မာသံရုံးများသို့ ပြန်လည်ပေးပို့ရမည့် နောက်ဆုံးရက်များကို ဖော်ပြထားကြောင်း သိရသည်။
■ ယင်းအစီအစဉ်သည် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၈၂ (က) အရ UEC က ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။
#YMG/SW #Yangon_Times