နေပြည်တော် နိုဝင်ဘာ ၁၀
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ လွှတ်တော် အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက နိုင်ငံတကာလွှတ်တော်များတွင် ကျင့်သုံးလျက်ရှိသော မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း ဆိုင်ရာ လွှတ်တော်လုပ်ထုံးလုပ်နည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ကျင့်ဝတ်စည်းကမ်း (Code of Conduct - COC)ဆိုင်ရာ ရှင်းလင်းတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပရာ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြပွဲတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လွှတ်တော်၏ အဓိကတာဝန်များ ဖြစ်သည့် ဥပဒေပြုရေး၊ ပြည်သူကိုယ်စားပြုရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အပေါ် စောင့်ကြည့်ထိန်းကျောင်းရေးတို့၌ မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်း၏ အရေးပါမှုကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့၏ လွှတ်တော်လုပ်ထုံးလုပ်နည်းများကို အကျဉ်းချုပ် နှိုင်းယှဉ်တင်ပြပြီး မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် နည်းဥပဒေများပါ မေးခွန်းဆိုင်ရာ ပြဋ္ဌာန်း ချက်များ (နည်းဥပဒေ ၁၃၉ မှ ၁၄၅)နှင့် အဆိုဆိုင်ရာ ပြဋ္ဌာန်းချက်များ (နည်းဥပဒေ ၁၅၅ မှ ၁၅၈)တို့အား အခြေခံ၍ လိုက်နာရမည့် သတ်မှတ်ချက်များ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျင့်ဝတ်စည်းကမ်း (Code of Conduct-COC) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ရိုးသား ဖြောင့်မတ်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူအကျိုးကို ဦးစားပေးမှုတို့ကို အခြေခံ၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် အသုံးချခြင်းနှင့် အကျိုးစီးပွား ပဋိပက္ခ ဖြစ်ပေါ်စေခြင်းများကို ရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ ကျင့်ဝတ်စည်းကမ်းများသည် လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ပြည်သူ့ယုံကြည်မှုကို ထိန်းသိမ်းရာတွင် အဓိကကျကြောင်း၊ လွှတ်တော်အနေဖြင့် မဟာဗျူဟာ(၅)နှစ် စီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက် ရှိပြီး နိုင်ငံတကာလွှတ်တော်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပခရီးစဉ်များကိုလည်း စေလွှတ်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးမှုများကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်