Myanmar Digital News

အုတ်တွင်းမြို့နယ်၌ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

အုတ်တွင်း နိုဝင်ဘာ ၁၀

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်သည်။

 

အဆိုပါ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကာကွယ်ဆေးထိုးစုရပ်အလိုက် လိုက်လံထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးမည့် ဝန်ထမ်းများအား ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံမည့် ကလေးများကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News