ဟိုပုံး နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာ လင်္ကာရအသင်းကြီးက ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (ဆဋ္ဌမအကြိမ်) နာဂပုရ သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပရာ အလှူရှင်များကလည်း လှူဖွယ် ပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်များ၊ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
အဆိုပါစာမေးပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များ ဝင်ရောက်ဖြေဆိုကြပြီး ဥပစာတန်း ရဟန်း၊ သာမဏေ၊ သီလရှင် ၆၅ ပါး၊ မူလတန်း ရဟန်း၊ သာမဏေ၊ သီလရှင် ၂၈၅ ပါး၊ ပထမအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင် ၁၈၄၂ ပါး၊ ဒုတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင် ၈၆၉ ပါး၊ တတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင် ၃၇၉ ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၃၄၄၀ ဝင်ရောက် ဖြေဆိုခဲ့ကြပြီး အဆိုပါစာမေးပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ရပ်နီးရပ်ဝေးမှ ဒေသခံပြည်သူများလည်း အလှူငွေများ ဆက်ကပ် လှူဒါန်းနိုင်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)