၁၉၅၇ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့တွင် ဆိုဗီယက်ယူနီယံ (ယခု ရုရှားနိုင်ငံ)က Sputnik 1 ဂြိုဟ်တုကို ကမ္ဘာပတ် လမ်းကြောင်းထဲသို့ ပထမဆုံး အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ခြင်းအားဖြင့် အာကာသခေတ် အစပြုခဲ့သည်။ Sputnik 1 အောင်မြင်မှုကြောင့် အမေရိကန်နှင့် ဆိုဗီယက်တို့ကြားတွင် အာကာသနည်းပညာပြိုင်ပွဲ စတင်ဖြစ်ပေါ်လာခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အမေရိကန်က အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအဖွဲ့ (National Aeronautics and Space Administration- NASA) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ဆိုဗီယက်အာကာသယာဉ်မှူး ယူရီဂါဂါရင်သည် Vostok 1 အာကာသယာဉ်ဖြင့် ကမ္ဘာကို တစ်ပတ်ပတ်၍ အာကာသထဲသို့ ပထမဆုံးရောက်ရှိသူ လူသားဖြစ်လာခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် အမေရိကန် NASA ၏ အပိုလို ၁၁ စီမံကိန်းဖြင့် အာကာသယာဉ်မှူး နီးလ်အမ်းစထရောင်း၊ ဘတ်ဇ်အယ်လ်ဒရင်တို့သည် လကမ္ဘာပေါ်သို့ ပထမဆုံး ခြေချသူများဖြစ်လာခဲ့သည်။ ၁၉၈၁ ခုနှစ်မှစတင်၍ NASA ၏ အာကာသလွန်းပြန်ယာဉ်စီမံကိန်းများ၊ ၁၉၉၈ ခုနှစ်တွင် နိုင်ငံပေါင်းများစွာ ပူးပေါင်းတည်ဆောက်ထားသော နိုင်ငံတကာအာကာသစခန်း (ISS)၊ စကြဝဠာ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပေးနိုင်သည့် Hubble အာကာသမှန်ပြောင်း၊ အင်္ဂါဂြိုဟ်မျက်နှာပြင်ကို စူးစမ်းလေ့လာသည့် Mars Pathfinder စက်ရုပ်ယာဉ် စသည်တို့မှာ လူသားတို့၏ အာကာသနည်းပညာ သမိုင်းမှတ်တိုင်များဖြစ်သည်။
၂၁ ရာစုသို့ ကူးပြောင်းခဲ့ပြီဖြစ်သည့် ယနေ့ခေတ်တွင် အာကာသစီမံကိန်းများကို အစိုးရအဖွဲ့အစည်းများသာမက ပုဂ္ဂလိကကုမ္ပဏီများပါ ပါဝင်အကောင်အထည်ဖော်လာကြသည်။ Space X က အကောင်အထည်ဖော်သည့် Falcon 9 နှင့် ဧရာမ Starship ဒုံးပျံစနစ်များသည် ဒုံးပျံအစိတ်အပိုင်းများကို ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်စေပြီး အကြိမ်ကြိမ် အသုံးပြုနိုင်အောင် တီထွင်ခဲ့သလို မြန်နှုန်းမြင့် အင်တာနက်အတွက် ကမ္ဘာပတ်လမ်းကြောင်းနိမ့် Starlink ဂြိုဟ်တုများ လွှတ်တင်ခဲ့သည်။ NASA ၏ Artemis စီမံကိန်းအရ Artemis II ယာဉ်ဖြင့် အာကာသယာဉ်မှူးလေးဦးသည် နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ် လကမ္ဘာကိုပတ်၍ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပြီး ၂၀၂၈ ခုနှစ်တွင် လမျက်နှာပြင်ပေါ် တစ်ဖန်ပြန်လည် ခြေချရန် ပြင်ဆင်လျက်ရှိသည်။ ယခုအခါ အာကာသနည်းပညာ၏ ရှေ့တန်းတွင် တရုတ်နိုင်ငံလည်း ပါဝင်လာပြီး Tiangong အာကာသစခန်းနှင့် Chang'e လစူးစမ်းရေးယာဉ်တို့က အာကာသနည်းပညာပြိုင်ဆိုင်မှုကို ပို၍ အားကောင်းစေသည်။
“မိမိတို့ နေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် မိမိတို့နိုင်ငံအတွက် လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်လိုကြောင်း၊ နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေဆီလွှာ၊ ရေနှင့် သီးနှံအခြေအနေကိုသိရှိပြီး အချိန်မီစီမံနိုင်ရေးအတွက် အာကာသနှင့် Al နည်းပညာကို အသုံးပြုဆန်းစစ်ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် သုတေသနပြု ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတွင်းရှိ ရေသယံဇာတအပါအဝင် သဘာဝ အရင်းအမြစ်များကို အာကာသနည်းပညာအသုံးပြု၍ အချက်အလက်များ ရယူကာ အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားရန်လိုကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပြီး အာကာသနှင့်ပတ်သက်သည့် အသိပညာများအား မျိုးဆက်သစ် လူငယ်မောင်မယ်များ သိရှိနားလည်နိုင်ရေး၊ အာကာသနည်းပညာကို စိတ်ပါဝင်စားမှု မြင့်တက်လာရေး ဆောင်ရွက်ရန်တို့ကိုလည်း လမ်းညွှန် မှာကြားခဲ့သည်။
မြန်မာနိုင်ငံသည် အာကာသသိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်ဥပဒေကို ပြဋ္ဌာန်းထားရှိပြီး အာကာသနည်းပညာ၊ ဂြိုဟ်တုနည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာနှင့် ဆွေးနွေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ တွင် မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency-MSA) ကို စတင်ဖွဲ့စည်းခဲ့ပြီး စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်တို့အတွက် ဂြိုဟ်တုဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အာကာသစူးစမ်းလေ့လာရေးနှင့် အသုံးချရေးနယ်ပယ်တွင် ရုရှားနိုင်ငံ၏ Roscosmos အပါအဝင် နိုင်ငံတကာအာကာသအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် အာကာသပြတိုက် (ရန်ကုန်)ကို ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ပဏာမရွေးချယ်ထားသည့် အာကာသ ယာဉ်မှူးလောင်းများကို လေ့ကျင့်ပျိုးထောင်ခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် 3D မြေပုံအချက်အလက်များ ဖန်တီးခြင်းနှင့် အာကာသဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ကျောင်းသားကျောင်းသူ လူငယ်မောင်မယ် မျိုးဆက်သစ်များအတွင်း အာကာသနည်းပညာအပေါ် စိတ်ပါဝင်စားမှုနှင့် စူးစမ်းလေ့လာလိုမှုတို့ မြင့်မားလာသည်နှင့်အမျှ အနာဂတ်ကာလတွင် မြန်မာအာကာသသိပ္ပံပညာရှင်များ အများအပြား ပေါ်ထွန်းလာနိုင်ပါမည့်အကြောင်း။ ။