မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူများ သက်ဆိုးရှည်နေသည့် အကြောင်းရင်းများစွာတို့တွင် ပထဝီအနေအထား အခက်အခဲများသည် အကြောင်းအချက်တစ်ခုအဖြစ် ပါဝင်သည်။ မြန်မာနိုင်ငံသည် သွားလာရန်ခက်ခဲသည့် တောတောင်၊ လျှိုမြောင်ချိုင့်ဝှမ်းများ ပေါများသောနိုင်ငံဖြစ်သည်။ အဆိုပါနေရာများတွင် အကြမ်းဖက်သောင်းကျန်းသူများ အခြေချခိုအောင်းပြီး ဒေသနှင့် နိုင်ငံထိခိုက်ပျက်စီးစေသည့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့်နေရာများသည် တောတောင်များ အလွန်ထူထပ်ပြီး သွားလာရန်ခက်ခဲသော နေရာများဖြစ်သည်။ ပြီးခဲ့သည့်ရက်က မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၏ နယ်စပ်ဖြစ်သော ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့အတွင်း ခိုအောင်း၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KNU၊ KNLA အပါအဝင် CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ အခြေပြုနေထိုင်ရာ အကြမ်းဖက်စခန်းများအား တပ်မတော်စစ်ကြောင်းများက စနစ်တကျ ချီတက်တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း သိရသည်။ အဆိုပါနေရာများသည် သောင်းကျန်းသူများ အစဉ်အဆက် ခိုအောင်းအခြေချ လှုပ်ရှားခဲ့သော နေရာများဖြစ်သည်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မွန်ပြည်နယ် သိမ်ဇရပ်-ကျိုက်ထိုဒေသနှင့် ပဲခူးတိုင်းဒေသကြီး နယ်မြေအစပ်တို့ရှိ သွားလာရခက်ခဲသည့် တောတောင်လျှိုမြောင်များအတွင်း ခိုအောင်းနေထိုင်၍ ဥပဒေမဲ့ မသမာသော နည်းလမ်းအမျိုးမျိုးနှင့် ရရှိလာသော အကျိုးအမြတ်များဖြင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့သည် လက်လုပ်စိန်ပြောင်းများ၊ လက်လုပ်သေနတ်များ၊ ဖောက်ခွဲရေးသုံးပစ္စည်းများအသုံးပြုပြီး လက်နက်အားကိုးဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကျောင်းပြုနေသော ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျေးရွာများတွင်နေထိုင်ခြင်း၊ ပတ်ဝန်းကျင်နေရာများတွင် စစ်စခန်းများ အခိုင်အမာ ဆောက်လုပ်ခြင်းများပြုလုပ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများကို ဒုက္ခပေးလျက်ရှိသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် အဆိုပါဒေသများ၌ ယာယီစိုးမိုး အခြေပြုစဉ် ဒေသခံပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၌ သဲအိတ်များဖြင့် ဘန်ကာများတည်ဆောက်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ၎င်းတို့ကို ထောက်ခံအားပေးခြင်းမရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူများ၊ ရဟန်းသံဃာများနှင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်းများအား “ဒလန်”ခေါင်းစဉ်တပ်စွပ်စွဲပြီး ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။ ထို့အပြင် ၎င်းဒေသများအတွင်းရှိ ဒေသခံပြည်သူလူထု ကုန်စည်ပို့ဆောင်မှုများပြုလုပ်လျက်ရှိသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားမော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ ဒုက္ခဆင်းရဲ ရောက်လျက်ရှိသည်။
အဆိုပါဒေသများတွင် အကြမ်းဖက်သောင်းကျန်းသူများ လှုပ်ရှားလျက်ရှိကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ တိကျသောသတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းများက နိုဝင်ဘာ ၃ ရက်နေ့မှစတင်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၇ ရက်နေ့အတွင်း KNU၊KNLA တပ်မဟာ(၁) ရင်း (၃)ဌာနချုပ်အပါအဝင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြု နေထိုင်လျက်ရှိသည့် စခန်းလေးခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူများ ဆက်လက် ခိုအောင်းနေခြင်းမရှိစေရန် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့မနား ညမနား သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၈ ရက်နေ့တွင် ရွှေကျင်မြို့နယ် အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီးမှ NUG၊ CRPH အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် အကြမ်းဖက်သောင်းကျန်းသူ စခန်း ၁၁ ခု တို့ကို လက်နက်ခဲယမ်းမျိုးစုံနှင့်အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သောင်းကျန်းသူများ ထိခိုက်ဆုံးရှုံးမှုများဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးနေကြသည့် လက်နက်ကိုင်သောင်းကျန်းသူများအား မည်သည့်ဒေသတွင်မျှ အခြေချနေထိုင်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်နိုင်ခြင်းမရှိစေရန် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကို တာဝန်သိဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုဖော်ပြပါဒေသများတွင်သာမက အခြားဒေသများတွင်ပါ အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းလှုပ်ရှားမှု မရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းစဉ်များကို ဆက်လက်၍ အရှိန်အဟုန်မြှင့်တင် တိုက်ခိုက်ချေမှုန်းလျက်ရှိပါကြောင်း။ ။