Myanmar Digital News

အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများသို့ လာရောက်လေ့လာကြည့်ရှုသူများဖြင့် အထူးစည်ကား

နေပြည်တော် နိုဝင်ဘာ ၁၀

 

နေပြည်တော်ကောင်စီနှင့် မြန်မာ အာကာသအေဂျင်စီတို့ ကြီးမှူး ကျင်းပသည့် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ပိုစတာ ပြိုင်ပွဲနှင့် အာကာသ နည်းပညာဆိုင်ရာ ပြခန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1)၌ အောင်မြင်စွာကျင်းပခဲ့သည်။

 

လာရောက်လေ့လာနိုင်

 

အနာဂတ်မျိုးဆက်သစ် လူငယ် မောင်မယ်များ အာကာသသိပ္ပံနှင့် နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းများ ဖော်ထုတ် ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါပြိုင်ပွဲများကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

အာကာသ နည်းပညာဆိုင်ရာ ပြခန်းများတွင် အာကာသနှင့် AI နည်းပညာသုံး စိုက်ပျိုးရေးစနစ် ပြခန်း၊ အာကာသနှင့် AI နည်းပညာ အသုံးချပြခန်းရှိ ရာသီဥတု နှင့် သဘာဝပတ်ဝန်းကျင် စောင့်ကြည့် လေ့လာရေးစနစ်၊ ဂြိုဟ်တု နည်းပညာအသုံးချ Application များ၊ AI နှင့် အမေးအဖြေကဏ္ဍ၊ AI အသုံးပြုစိတ်ဝင် စားဖွယ်ဂိမ်းများ၊ စက်ရုပ် နည်းပညာပြခန်း၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ် ပြခန်း၊ နက္ခတ်တာရာနှင့် အာကာသသိပ္ပံပြခန်း၊ အာကာသ စူးစမ်းလေ့လာရေးပြခန်း၊ နက်ရှိုင်းသော အာကာသစူးစမ်းလေ့လာ ရေးသုတေသနပြခန်းများ ပြသထားပြီး ပြခန်းများကို ယနေ့တွင် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ ၄၇၃၂ ဦး လာရောက် လေ့လာခဲ့ကြကြောင်းနှင့် အဆိုပါ ပြခန်းများကို နိုဝင်ဘာ ၁၃ ရက် အထိ နေ့စဉ် နံနက် ၈ နာရီခွဲ မှ ညနေ ၆ နာရီအထိ လာရောက် လေ့လာနိုင်ကြောင်း သိရသည်။

 

 နေပြည်တော်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News