ကန်ကြီးထောင့် နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါးကတိုက်နယ် အတွင်း မီးလောင်မှုနှင့် မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစကောင်းပြည့်လင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းစိုးလွင်နှင့် မြို့နယ်လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူများက ဒါးက တိုက်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကာ မီးဘေးလုံခြုံရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ အလွယ်တကူ အသင့်အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှု ရှိ/မရှိနှင့် မီးသတ်ရေလှောင်ကန်များတွင် ရေဖြည့်တင်းထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)