ဆိပ်ဖြူ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးစပါး (၁၀၅၇၇)ဧက စိုက်ပျိုးဆောင်ရွက်နိုင်ပြီး မိုးစပါးဧကများစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးစပါး (၁၀၅၇၄)ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး မိုးစပါးစိုက်ပျိုးမှုအနေဖြင့် (၁၀၅၇၇)ဧက ဆောင်ရွက်နိုင်ခဲ့သည်။ မိုးစပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းစေရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများနှင့် မျိုးကောင်းမျိုးသန့် အထွက်တိုးစပါးမျိုးများကို တောင်သူများအား ချိတ်ဆက်ဖြန့်ဖြူး ဆောင်ရွက်ပေးပြီး သွင်အားစု ဘာဝမြေသြဇာများနှင့် ယူရီးယားမြေသြဇာများကို သက်သာသောနှုန်းထားများဖြင့် ဆောင်ရွက်ပေးကြောင်း၊ ဆည်ရေသောက် စိုက်ဧကများ၌ မိုးစပါးပျိုးထောင် စိုက်ပျိုးရေများအပြင် မိုးစပါးအောင်ရေများကိုလည်း ပြည်ဝစွာရရှိရေးအတွက် မြို့နယ်ရေအသုံးချရေးနှင့် စီမံခန့်ခွဲမှုဦးစီးဌာန(ဆည်မြောင်း)မှ တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးစပါး စိုက်ပျိုးတောင်သူများအနေဖြင့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရန် စိုက်ပျိုးရေးအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)