Myanmar Digital News

ပေါက်ခေါင်းမြို့နယ်၌ စားအုန်းဆီလက်လီ၊လက်ကားအရောင်းဆိုင်များ စစ်ဆေး

ပေါက်ခေါင်း နိုဝင်ဘာ ၁၀

 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပေါက်ခေါင်းမြို့နယ် စားအုန်းဆီ ဖြန့်ဝေရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တာဝန် ရှိသူများနှင့်ပူးပေါင်း၍ ပေါက်ခေါင်း မြို့ပေါ်ရှိ စားအုန်းဆီလက်လီ၊ လက်ကားအရောင်းဆိုင်များအား ရည်ညွှန်းစျေးဖြင့် ရောင်းချမှုရှိ၊ မရှိနှင့် သတ်မှတ်အရေအတွက်အတိုင်း ရောင်းချမှု ရှိ၊ မရှိတို့ကို ယမန်နေ့နံနက်ပိုင်းက လိုက်လံ စစ်ဆေးသည်။

 

ထိုသို့ စစ်​ဆေးရာတွင် ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပေါက်ခေါင်း မြို့နယ် စားအုန်းဆီဖြန့်ဝေ ရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများပူးပေါင်း၍ ပေါက်ခေါင်းမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင် များမှ ပြည်သူ့အရောင်းဆီများအား ပြည်သူများထံသို့ ရည်ညွှန်းစျေးအတိုင်း အပြည့်အဝရောင်းချ ပေးမှုရှိ/မရှိနှင့် စျေးနှုန်းမြှင့်တင်ရောင်းချနေမှု ရှိ/မရှိ အ​ခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

 

ဖုန်းကျော်ဇင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News