နေပြည်တော် နိုဝင်ဘာ ၁၀
နေပြည်တော် ကောင်စီနယ်မြေ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဒက္ခိဏသီရိ ဆက်သွယ်ရေး စခန်းကို ယနေ့တွင် ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် စက်ပစ္စည်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး ရေရှည်ကောင်းမွန်နေစေရေး၊ စက်ခန်းများတွင် တပ်ဆင်ထားသည့် လေအေးပေးစနစ်များကို ကောင်းမွန်အောင် ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ စက်ပစ္စည်းများ၏ ဝန်အားနှင့်လိုက်လျော ညီထွေစွာ လျှပ်စစ်စွမ်းအား၊ အရန် ဓာတ်အားပေးစက်နှင့် ဘက်ထရီများကိုလည်း သင့်တင့် မျှတနိုင်နင်းစွာ အသုံးပြုနိုင်ရေး စနစ်တကျ တွက်ချက်အသုံးပြုသွားရန် မှာကြားသည်။
ဆက်လက်၍ စက်ခန်းများ၏ လုံခြုံရေးကို အထူးဂရုပြုကြပ်မတ် ဆောင်ရွက်ရန်၊ ဆက်သွယ်ရေး လိုင်းများ ပိုမိုကောင်းမွန်နေစေရေးနှင့် ဒေသခံပြည်သူများ အင်တာနက်နှင့် မိုဘိုင်းဆက်သွယ် ရေးဝန်ဆောင်မှုများကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ရန် အတွက် လိုအပ်သည့် ကြိုတင် ကာကွယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို အထူးအလေးထား မှာကြားခဲ့ပြီး လိုအပ်သည့် အချက်အလက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်