ရန်ကုန် နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံပြီး လူငယ်ရေးရာဆိုင်ရာ လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်လေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူငယ်ရေးရာ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က အမှာစကားပြောကြားကြပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဝင်များနှင့် တက်ရောက် လာကြသူများက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)