Myanmar National Post

ကျောက်ဆည်မြို့၌ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးများ ထိုးနှံ


ကျောက်ဆည် ၊ နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အသက်ကိုးလမှ ငါးနှစ်အတွင်းရှိ ကလေးငယ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်သက်ရောဂါပပျောက်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးအစီအမံဖြင့် ဆူးကုန်းရပ်ကွက်နှင့်အေးမြကြည်လင်ရပ်ကွက်များ၌ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ကာကွယ်ဆေးများ ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ သတ်မှတ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post