Myanmar National Post

စမ်းချောင်းမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

 


စမ်းချောင်း  ၊ နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ရန်ကုန်ဇုန်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက် (၇) နာရီခွဲအချိန်က စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

ပြိုင်ပွဲတွင် ၂၀၂၆ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်အဖြစ် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းနှင့် တောင်ငူပညာရေးဒီဂရီ ကောလိပ်အသင်းတို့ အကျိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ဘားအံပညာရေးဒီဂရီကောလိပ်အသင်းက ၃ ဂိုး၊ (၁) ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။

ဖြူသွယ်ထွန်း 

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post