
တွံတေး ၊ နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ (၁၄) ခရိုင်၊ အသက် (၁၈) နှစ်အောက် ဘောလီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် တွံတေးခရိုင်ကိုယ်စားပြု အမျိုးသားအသင်း၊ အမျိုးသမီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအဆင့် ဓမ္မစင်္ကြာဒေသနာတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲတွင် ပထမဆု ဆွတ်ခူးရရှိခဲ့သော တွံတေးခရိုင်ကိုယ်စားပြု အ.ထ.က (နတ်စင်ကုန်း) ကော့မှူးမြို့နယ်တို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး၌ ကျင်းပခဲ့သည်။
ဦးစွာ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ (၁၄) ခရိုင်၊ အသက် (၁၈) နှစ်အောက် ဘောလီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် တွံတေးခရိုင် ကိုယ်စားပြု အမျိုးသားအသင်းအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ (၁၄) ခရိုင်၊ အသက် (၁၈) နှစ်အောက် ဘောလီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သည့် တွံတေးခရိုင်ကိုယ်စားပြု အမျိုးသမီးအသင်းအား တွံတေးခရိုင်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝင်းထွန်းနိုင် (ခ) ဦးရွှေဘော်က ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအဆင့် (၂၄) ကြိမ်မြောက် ဓမ္မစင်္ကြာဒေသနာတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲတွင် ပထမဆု ဆုခူးရရှိခဲ့သော တွံတေးခရိုင်ကိုယ်စားပြု အ.ထ.က (နတ်စင်ကုန်း) ကော့မှူးမြို့နယ်အား တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဖုန်းမြင့်က ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် တွံတေးခရိုင်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် ဆုရရှိသူများ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှတာဝန်ရှိသူများ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)
https://t.me/MyanmarNationalPost