ရန်ကုန် နိုဝင်ဘာ ၁၀
နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ်ပြိုင်ပွဲ ခေတ္တရပ်နားချိန်တွင် M-League ပြိုင်ပွဲအမှတ်ပေးဇယားကို ဦးဆောင်ထားသည့် ရန်ကုန်စီးတီးအသင်းသည် ရာသီဝက်အတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး ခံစစ်အားဖြည့်ရန် မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။
ရန်ကုန်စီးတီးအသင်းသည် စိုးမိုးကျော်ကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရာသီဝက်အပြောင်းအရွှေ့ ကာလစျေးကွက်ဖွင့်သည့် ဒုတိယအကျော့မှသာ စတင်အသုံးပြုနိုင်မည် ဖြစ်သည်။ ရန်ကုန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီ M-League II တွင် ယှဉ်ပြိုင်ကတည်းက လက်ရွေးစင်အဆင့် ကစားသမားများ ခေါ်ယူအားဖြည့်ခဲ့သလို ယခုရာသီ M-League သို့ တန်းတက်ခွင့်ရချိန်တွင်လည်း လက်ရွေးစင်အဆင့် ကစားသမားများ အပါအဝင် အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ရာသီအစ ခြောက်ပွဲကစားအပြီးတွင် ရှုံးပွဲမရှိသေးဘဲ လေးပွဲနိုင်၊ နှစ်ပွဲသရေ ရမှတ် ၁၄ မှတ် ဖြင့် ထိပ်ဆုံးနေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။ စိုးမိုးကျော်သည် အား/ကာသိပ္ပံအသင်းမှ ထွက်ပေါ်လာသူဖြစ်ပြီး ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်အသင်းတို့တွင် ကစားခဲ့ဖူးကာ နောက်ပိုင်းတွင် ပြည်ပကလပ်များတွင် ကစားခဲ့သူဖြစ်သည်။ စိုးမိုးကျော်သည် ကမ္ဘောဒီးယားနှင့် ထိုင်းကလပ်တို့တွင် ကျင်လည်ပြီးနောက် ပြည်တွင်းကလပ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-YCFC