ရန်ကုန် နိုဝင်ဘာ ၁၀
၂၀၂၆ M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၃) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၁၀ ရက်က ဗဟန်းကွင်း၌ ဆက်လက်ကျင်းပရာ ရတနာပုံအသင်းက ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန် အရေးပါသည့်ကာလတွင် ရှမ်းယူနိုက်တက်အသင်း ရှုံးပွဲဆက်နေပြီး အဆင့် (၆) နေရာသို့ ဆင်းပေးခဲ့ရသည်။ ရတနာပုံအသင်းမှာမူ နိုင်ပွဲဆက်ပြီး အဆင့် (၄) နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။ ရတနာပုံအသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် အမှတ်ပြည့် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၄၈ မိနစ်တွင် သာထက်နောင်၊ ၉၀+၅ မိနစ်တွင် ရဲရင့်အောင်တို့က သွင်းယူခဲ့သည်။
ပွဲစဉ် (၂၃) အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၂၃ ပွဲ ကစား ၅၅ မှတ်၊ အား/ကာသိပ္ပံအသင်းက ၂၂ ပွဲကစား ရမှတ် ၅၀၊ ဒဂုံစတားယူနိုက်တက်အသင်းက ၂၃ ပွဲကစား ၄၉ မှတ်၊ ရတနာပုံအသင်းက ၂၃ ပွဲကစား ၄၂ မှတ်၊ ရန်ကုန်စီးတီးအသင်းက ၂၃ ပွဲကစား ရမှတ် ၄၀၊ ရှမ်းယူနိုက်တက်အသင်းက ၂၄ ပွဲကစား ၃၈ မှတ်၊ Falcon အသင်းက ၂၃ ပွဲကစား ၃၃ မှတ်၊ Galaxy အသင်းက ၂၄ ပွဲကစား ၃၃ မှတ်၊ သစ္စာအားမာန်အသင်း က ၂၃ ပွဲကစား ရမှတ် ၃၀၊ ဧရာဝတီယူနိုက်တက်အသင်း က ၂၃ ပွဲကစား ၂၂ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်း က ၂၃ ပွဲကစား ၂၁ မှတ်၊ စစ်ကိုင်းယူနိုက်တက်အသင်းက ၂၂ ပွဲကစား ၁၈ မှတ်၊ မြဝတီအသင်းက ၂၃ ပွဲကစား ၁၁ မှတ်၊ Chinland အသင်းက ၂၃ ပွဲကစား ရှစ်မှတ် ရရှိထားသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MLeague