Myanmar National Post

နတ်မောက်မြို့နယ်၌ (၉) လမှ (၅၉) လအရွယ် ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးထိုးနှံပေး


နတ်မောက် ၊  နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၉)လမှ(၅၉)လအရွယ်ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန ကျန်းမာ‌ရေးမှူး(၁)ဆရာမ ဒေါ်ရီရီငြိမ်းနှင့် ဆရာ/မ များက မြို့ပေါ်ရပ်ကွက်များရှိ အသက် (၉) လမှ (၅၉) လအရွယ်ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

လှဝင်း

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post