Xinhua Myanmar

EU နှင့် တည်ငြိမ်၍ ဟန်ချက်ညီသော ကုန်သွယ်မှုဆက်ဆံရေး တည်ဆောက်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်ခြင်းကမူ ဆုံးရှုံးမှုများသာ ကြုံတွေ့ရနိုင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နိုဝင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့ပြီး EU အနေဖြင့် အဓိကကုန်သွယ်ဖက်များအဖြစ် တရုတ်နိုင်ငံနှင့်အတူ လက်တွဲကာ တည်ငြိမ်၍ ဟန်ချက်ညီသော ကုန်သွယ်မှုဆက်ဆံရေးကို တည်ဆောက်သွားရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က အဓိက EU အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံအနေဖြင့် အဆိုပါကိစ္စရပ်တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ပြင်သစ်နိုင်ငံ ဥရောပနှင့် နိုင်ငံခြားရေးရာဝန်ကြီး Jean-Noel Barrot နှင့် ဖုန်းဖြင့် ဆွေးနွေးပြောဆိုရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

..............................

(English Version)

Chinese FM calls for stable, balanced trade ties with EU

BEIJING, Nov. 10 (Xinhua) -- China and the European Union (EU) stand to gain from cooperation and lose from confrontation, Chinese Foreign Minister Wang Yi said Tuesday, calling on the EU to work with China to build stable and balanced trade ties as key trading partners.

In a phone conversation with French Minister for Europe and Foreign Affairs Jean-Noel Barrot, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said he believes that France, as a core EU member state, would play a constructive role in this regard. ■

Photo caption: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with French Foreign Minister Jean-Noel Barrot in Beijing, capital of China, Dec. 3, 2025. (Xinhua/Dai Tianfang)

မူရင်းသတင်း — Xinhua Myanmar