Xinhua Myanmar

နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌက ဒါကာ ၂၀၂၆ လူငယ်အိုလံပစ်ပြိုင်ပွဲအောင်မြင်မှုကို ချီးကျူး၊ လူငယ်အိုလံပစ်ပြိုင်ပွဲအား တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကိုလည်း ချီးကျူးပြောဆို

ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင် ကျင်းပသည့် ၂၀၂၆ လူငယ်အိုလံပစ် အားကစားပြိုင်ပွဲအတွင်း ဆင်ဟွာသတင်းဌာန၏ မေးမြန်းမှုများကို ဖြေကြားနေသော IOC ဥက္ကဋ္ဌ ကာစတီ ကိုဗင်ထရီအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံတကာအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကာစတီ ကိုဗင်ထရီက ဒါကာ ၂၀၂၆ လူငယ်အိုလံပစ်ပြိုင်ပွဲအား စီစဉ်ကျင်းပမှုနှင့် အားကစားပွဲတော်၏ ပတ်ဝန်းကျင်တို့ကို ချီးကျူးပြောဆိုခဲ့ပြီး အာဖရိကတိုက်တွင် ပထမဆုံးကျင်းပသည့် အိုလံပစ်ပြိုင်ပွဲမှာ မျှော်မှန်းထားသည်ထက်ပင် ပိုမိုကောင်းမွန်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ပြိုင်ပွဲဝင် အားကစားသမားများနှင့် ပရိသတ်များ၏ အားတက်သရော ပါဝင်အားပေးမှုနှင့်အတူ ယခုပြိုင်ပွဲသည် ဆီနီဂေါနိုင်ငံနှင့် အာဖရိကတိုက်တစ်ခုလုံးအတွက် ဂုဏ်ယူဖွယ်ရာဖြစ်ခဲ့ကြောင်း ကိုဗင်ထရီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

"ဒါဟာ အာဖရိကတိုက်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲဖြစ်တဲ့အတွက် ကျွန်မတို့ အင်မတန်ဂုဏ်ယူပါတယ်။ အားကစားသမားတွေလည်း တော်‌တော်လေး ပျော်ရွှင်နေကြတယ်" ဟုလည်း ၎င်းက ပြောသည်။

ယခုပြိုင်ပွဲသည် အာဖရိကတိုက်တစ်ခုလုံးကို ပျံ့နှံ့လွှမ်းခြုံခဲ့သည်ဟု ဖွင့်ပွဲအခမ်းအနားအစီအစဉ်များကို အာဖရိကတိုက်ရှိနိုင်ငံတိုင်းက အနည်းဆုံး တစ်စိတ်တစ်ပိုင်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ကြသည်ကို ရည်ညွှန်းလျက် ကိုဗင်ထရီက အလေးထားပြောကြားခဲ့သည်။

ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်ခဲ့ခြင်းမှာ ဒါကာ ၂၀၂၆ လူငယ်အိုလံပစ်ပြိုင်ပွဲအပေါ် ထားရှိသည့် စိတ်အားထက်သန်မှုနှင့် ယခုပြိုင်ပွဲကို တိုက်ကြီးတစ်ခုလုံးရှိ ပရိသတ်များနှင့်အတူ မျှဝေခံစားလိုသည့် ဆီနီဂေါနိုင်ငံ၏ စိတ်ပိုင်းဖြတ်မှုကို ထင်ဟပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ဆီနီဂေါအစိုးရ၊ ဒေသခံ အားကစားပြိုင်ပွဲစီစဉ်သူများနှင့် ပြိုင်ပွဲကျင်းပရာနေရာများရှိ ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များကိုလည်း IOC ဥက္ကဋ္ဌက ချီးကျူးခဲ့ပြီး ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကြောင့် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သည့် ပြိုင်ပွဲတစ်ခုကို ဖန်တီးပုံဖော်ရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

"အားလုံးက ဒီအားကစားပြိုင်ပွဲတွေရဲ့ အနှစ်သာရနဲ့ အာဖရိကရဲ့အနှစ်သာရကို အလွန်သဘောကျနေတယ်ဆိုတဲ့ မှတ်ချက်စကားတွေကို အဆက်မပြတ် ကြားသိရပါတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အိမ်ရှင်နိုင်ငံ၏ ဒေသအသီးသီးရှိအားကစားကွင်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ပြိုင်ပွဲများကို လာရောက်ကြည့်ရှုအားပေးကြသည့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူငယ်ပရိသတ်များ၏ စိတ်အားထက်သန်မှုကို မြင်တွေ့ရသည့်အတွက် အထူးပင် ဝမ်းသာပီတိဖြစ်မိကြောင်း ကိုဗင်ထရီက ဆိုသည်။

ထို့ပြင် ယခုပြိုင်ပွဲသည် ဆီနီဂေါနိုင်ငံနှင့် အာဖရိကတိုက်တစ်ဝန်းရှိ မျိုးဆက်သစ် အားကစားသမားများအတွက် စိတ်ဓာတ်ခွန်အားများ ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။

လူငယ်အိုလံပစ်ပြိုင်ပွဲတွင် တရားဝင် ဆုတံဆိပ်ချီးမြှင့်သည့် အားကစားနည်းအဖြစ် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသည့် ဝူရှူးအားကစားပြိုင်ပွဲများကို သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ကိုဗင်ထရီက အဆိုပါ အားကစားနည်းကို အထူးတလည် ချီးကျူးခဲ့သည်။

"တကယ့်ကို မျက်စိပသာဒဖြစ်ပြီး အားကစားသမားတွေရဲ့ ကြံ့ခိုင်မှု၊ ခွန်အားနဲ့ လျင်မြန်ဖျတ်လတ်မှုတွေကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ထားတာကို မြင်တွေ့ရတယ်" ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဝူရှူးအားကစားနည်း၏ ပြိုင်ပွဲအမျိုးအစား နှစ်ခုကို ကြည့်ရှုခဲ့ပြီး အမှတ်ပေးစနစ်ကို ပိုမိုနားလည်သဘောပေါက်နိုင်ရန် တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ယင်းအတွေ့အကြုံသည် အလွန်ကောင်းမွန်ကြောင်း ကိုဗင်ထရီက ဆိုသည်။

စေတနာ့ဝန်ထမ်း ယူနီဖောင်းများ ပေးအပ်ခြင်း၊ နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခြင်းနှင့် ဖွင့်ပွဲအခမ်းအနားအတွက် အကူအညီပေးခြင်းများ အပါအဝင် ယခုပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ ပါဝင်အားဖြည့်ကူညီမှုများကိုလည်း IOC ဥက္ကဋ္ဌက အသိအမှတ်ပြုပြောကြားခဲ့သည်။

"တရုတ်နိုင်ငံအနေနဲ့ အိုလံပစ်လှုပ်ရှားမှုကို သိပ်ကိုလေးစားတန်ဖိုးထားပြီး အိုလံပစ်လှုပ်ရှားမှု အောင်မြင်ဖို့ အမြဲတမ်း မားမားမတ်မတ် ကူညီပေးလေ့ရှိပါတယ်။ ဒါကိုလည်း ကျွန်မတို့ အင်မတန်ကျေးဇူးတင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

လူငယ်အိုလံပစ်ပြိုင်ပွဲသည် အားကစားပြိုင်ပွဲဆိုသည်ထက် ပိုမိုကျယ်ပြန့်ကာ မတူညီသောနောက်ခံအခြေအနေအသီးသီးမှ လူငယ်များကို အတူတကွ စုစည်းပေးရာတွင် အရေးပါသည်ဟုလည်း ကိုဗင်ထရီက အလေးပေးပြောကြားခဲ့သည်။ (Xinhua)

ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင် ကျင်းပသည့် ၂၀၂၆ လူငယ်အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း အနုပညာရှင်များ ဖျော်ဖြေတင်ဆက်နေပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(English Version)

Coventry hails Dakar 2026 success, praises China's contribution to Youth Olympics

DAKAR, Nov. 10 (Xinhua) -- International Olympic Committee President Kirsty Coventry has praised the organization and atmosphere of the Dakar 2026 Youth Olympic Games, saying the first Olympic event held in Africa has exceeded expectations.

Coventry told Xinhua that the Games had been a source of pride for Senegal and the wider continent, with enthusiastic crowds and athletes embracing the occasion.

"We're very proud that this is the first-ever Olympic event to be hosted on the continent," she said. "The athletes are having a lot of fun."

Coventry highlighted the event's reach across Africa, noting that every country on the continent had broadcast at least part of the opening ceremony live.

She said the widespread coverage reflected the enthusiasm surrounding Dakar 2026 and Senegal's determination to share the occasion with audiences across the continent.

The IOC president also praised the work of the Senegalese government, local organizers and venue staff, saying their efforts had helped deliver an event that surpassed expectations.

"The constant feedback that I keep receiving is that everyone is really just enjoying the spirit of these Games and the spirit of Africa," she said.

Having visited venues across the host areas, Coventry said she had been particularly struck by the enthusiasm of young spectators, including schoolchildren attending competitions.

She expressed hope that the Games would inspire a new generation of athletes in Senegal and across Africa.

Coventry also singled out wushu for praise after attending competitions in the sport, which is making its debut as an official medal event at the Youth Olympics.

"It was really beautiful, and you could see the strength and the power and the agility of the athletes all combined into one," she said.

Coventry said she had watched two wushu disciplines and spoken with officials to better understand the sport's judging system, describing the experience as wonderful.

The IOC president also acknowledged China's contribution to the Games, citing its provision of volunteer uniforms, technical expertise and support for the opening ceremony.

"China specifically really admires the Olympic Movement, and is always willing to step forward into helping to see the Olympic Movement succeed. We're very grateful for that," she said.

Beyond the sporting competition, Coventry emphasized the importance of the Youth Olympics in bringing together young people from different backgrounds.

Photo caption 1: IOC President Kirsty Coventry speaks to Xinhua during the 2026 Youth Olympic Games in Dakar, Senegal, Nov. 10, 2026. (Xinhua/Xie Jianfei)

Photo caption 2: Artists perform during the opening ceremony of the 2026 Youth Olympic Games in Dakar, Senegal, Oct. 31, 2026. (Xinhua/Na Yuqi)

မူရင်းသတင်း — Xinhua Myanmar