Xinhua Myanmar

ပနားမားတူးမြောင်းအား ပူးတွဲထိန်းချုပ်သည်ဆိုသည့် အမေရိကန်၏ ပြောဆိုချက်ကို ပနားမား ပယ်ချ

ပနားမားနိုင်ငံ ပနားမားစီးတီးမြို့အနီးရှိ ပနားမားတူးမြောင်းပေါ်မှ မီရာဖလိုရက်စ် ရေထိန်းတံခါးများကို ဖြတ်သန်းခုတ်မောင်းနေသည့် ကုန်တင်သင်္ဘောတစ်စင်းကို လာရောက်လည်ပတ်သူများ ကြည့်ရှုနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပနားမားစီးတီး၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ပနားမားနိုင်ငံက ပနားမားတူးမြောင်းကို ၎င်းတို့တစ်နိုင်ငံတည်းကသာ ထိန်းချုပ်ထားကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် ထပ်လောင်းအတည်ပြုပြောကြားခဲ့ပြီး အမေရိကန်နှင့် ပနားမားနိုင်ငံတို့က သမုဒ္ဒရာနှစ်စင်းကို ဆက်သွယ်ထားသော ရေလမ်းကြောင်းကို ပူးတွဲထိန်းချုပ်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်၏ ပြောဆိုချက်ကို ပယ်ချခဲ့သည်။

“တူးမြောင်းကို တခြားဘယ်နိုင်ငံကမှ ထိန်းချုပ်ထားတာ မဟုတ်ပါဘူး။ ပနားမားနိုင်ငံကသာ တစ်နိုင်ငံတည်း ထိန်းချုပ်ထားတာဖြစ်ပါတယ်” ဟု   ပနားမားနိုင်ငံခြားရေးဝန်ကြီး ဟာဗီယာ မာတီနက်ဇ်-အာချာက နိုင်ငံတကာညီလာခံ၏ ပြင်ပအစီအစဉ်အဖြစ် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တူးမြောင်းအပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်မှုသည် ပနားမားနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ရှိကြောင်းနှင့် အဆိုပါရေလမ်းကြောင်းကို ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့က လည်ပတ်စီမံခန့်ခွဲလျက်ရှိကြောင်း အဆိုပါနိုင်ငံခြားရေးဝန်ကြီးက အလေးထားပြောကြားခဲ့သည်။

ပနားမားနိုင်ငံသည် အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ကိုလံဘီယာနှင့် စပိန်နိုင်ငံတို့အပါအဝင် နိုင်ငံအများအပြားနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း မာတီနက်ဇ်-အာချာက ပြောကြားခဲ့သော်လည်း ယင်းပူးပေါင်းဆောင်ရွက်မှုများသည် တူးမြောင်းအပေါ် အချုပ်အခြာ အာဏာ သို့မဟုတ် ထိန်းချုပ်ပိုင်ခွင့်ကို လွှဲပြောင်းပေးခြင်း မဟုတ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

အမေရိကန်နှင့် ပနားမားနိုင်ငံတို့က တူးမြောင်းကို ပူးတွဲထိန်းချုပ်ထားကြောင်း ဟက်ဂ်ဆက်က နိုဝင်ဘာ ၁၀ ရက်တွင် ပြောဆိုခဲ့သည်။

ပနားမား ဥပဒေပြုပုဂ္ဂိုလ် ပတ်စီ လီကလည်း ယင်းပြောဆိုချက်သည် တူးမြောင်း၏ စီမံခန့်ခွဲမှုဆိုင်ရာ လက်တွေ့အခြေအနေကို ထင်ဟပ်ခြင်းမရှိကြောင်း ပြောကြားကာ ပယ်ချခဲ့သည်။

“အမေရိကန်က ပနားမားနဲ့အတူ တူးမြောင်းကို ထိန်းချုပ်ထားတယ်လို့ ပြောတာဟာ မှားယွင်းပါတယ်။ တူးမြောင်းကို ပနားမားနိုင်ငံကသာ လည်ပတ်ဆောင်ရွက်နေတာဖြစ်ပြီး ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီတာဝန်ကို ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့ထံ အပ်နှင်းထားပါတယ်” ဟု လီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပနားမားနိုင်ငံအနေဖြင့် သက်ဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်များနှင့်အညီ နိုင်ငံအားလုံး၏ သင်္ဘောများကို တန်းတူညီမျှသော စည်းကမ်းချက်များဖြင့် ဖြတ်သန်းသွားလာခွင့်ပြုထားသည့် ကြားနေတူးမြောင်းကို ဆက်လက်စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

အမေရိကန်နှင့် ပနားမားနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့သည့် ၁၉၇၇ ခုနှစ် ပနားမားတူးမြောင်းစာချုပ်အရ ပနားမားနိုင်ငံသည် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တူးမြောင်းကို အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)

ပနားမားနိုင်ငံ ပနားမားစီးတီးမြို့အနီးရှိ ပနားမားတူးမြောင်းပေါ်တွင် သင်္ဘောများ ခုတ်မောင်းသွားလာနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်က တွေ့ရစဉ်

------------------------

(English Version)

Panama rejects U.S. claim of joint control over canal

PANAMA CITY, Nov. 11 (Xinhua) -- Panama reaffirmed Wednesday that it alone controls the Panama Canal, rejecting remarks by U.S. Secretary of Defense Pete Hegseth that Washington and Panama jointly control the interoceanic waterway.

"No other country controls the canal. Panama alone controls it," Panamanian Foreign Minister Javier Martinez-Acha told local media on the sidelines of an international conference.

The foreign minister stressed that sovereignty over the canal belongs exclusively to Panama and that the waterway is operated and administered by the Panama Canal Authority.

Martinez-Acha said Panama maintains maritime security cooperation with several countries, including the United States, Britain, South Korea, Japan, Colombia and Spain, but emphasized that such cooperation does not imply any transfer of sovereignty or control over the canal.

Hegseth claimed Tuesday that the United States and Panama control the canal.

Panamanian lawmaker Patsy Lee also rejected the claim, saying it did not reflect the reality of the canal's administration.

"To say that the United States controls the canal alongside Panama is false. Panama alone operates the canal, and our Constitution assigns that responsibility to the Panama Canal Authority," Lee told Xinhua.

She stressed that Panama would continue to administer the neutral canal open to vessels from all nations on equal terms, in accordance with relevant treaties.

Panama assumed full control of the canal on Dec. 31, 1999, under the 1977 Panama Canal Treaty signed by the United States and Panama.

Photo Caption 1 :Visitors watch a cargo vessel sailing through the Miraflores Locks on the Panama Canal near Panama City, Panama, Aug. 28, 2024. (Xinhua/Li Muzi)

Photo Caption 2 :A drone photo shows vessels sailing on the Panama Canal near Panama City, Panama, Aug. 28, 2024. (Xinhua/Li Muzi)

မူရင်းသတင်း — Xinhua Myanmar