နိုဝင်ဘာ ၁၂
တရုတ်နိုင်ငံ၏ မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ အသင်းတစ်ခုက ယခုနှစ်အတွင်း မော်တော်ယာဉ်အသစ် တင်ပို့မှု အစီးရေ ၁၁ သန်းကျော်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။
ဇန်နဝါရီလမှ အောက်တိုဘာလအထိ မော်တော်ယာဉ်သစ် အစီးရေ ၉ ဒသမ ၂၇ သန်း တင်ပို့နိုင်ခဲ့သည်ဟု တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းပမာဏသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့သည့် ယာဉ်အစီးရေ ၇ ဒသမ ၀၉ သန်းထက်လည်း ကျော်လွန်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
လျှပ်စစ်ကားများနှင့် အားသွင်းစနစ်ပါဝင်သည့် ဟိုက်ဘရစ်ကားများအပါအဝင် စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ (New Energy Vehicles – NEVs) သည် စုစုပေါင်း မော်တော်ယာဉ်တင်ပို့မှု၏ ထက်ဝက်ခန့်အထိ ပါဝင်နေသည်။ ကမ္ဘာတစ်ဝန်း ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာခြင်းသည် အဆိုပါကားအမျိုးအစားများကို လူအများစိတ်ဝင်စားလာသည့် အချက်တစ်ချက်ဖြစ်သည်ဟု ယူဆရသည်။
တရုတ်နိုင်ငံအတွင်း ပြည်တွင်းမော်တော်ယာဉ် ရောင်းအားမှာ ယခုနှစ် ပထမ ၁၀ လအတွင်း အစီးရေ ၁၇ ဒသမ ၀၁ သန်းရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
တရုတ်နိုင်ငံထုတ် ဟိုက်ဘရစ်ကားများနှင့် အားသွင်းစနစ်ပါဝင်သည့် ဟိုက်ဘရစ်ကားများ တင်သွင်းမှုကို လျှော့ချရန် ရည်ရွယ်သည့် အစီအမံများကို လာမည့်လမှစတင်၍ အကောင်အထည်ဖော်ရန် ဥရောပသမဂ္ဂ က စီစဉ်လျက်ရှိရာ ယင်းအစီအစဉ်သည် တရုတ်မော်တော်ယာဉ် ရောင်းအား အလျင်အမြန် မြင့်တက်လာမှုအပေါ် ဥရောပသမဂ္ဂဘက်က သတိထားစောင့်ကြည့်လာသည့် အခြေအနေကို ထင်ဟပ်စေသည်ဟု ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို