
ဂျာကာတာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှား မီဒီယာများ၏ သတင်းဖော်ပြချက်များအရ အင်ဒိုနီးရှား ဒုတိယသမ္မတ ဂီဘရန် ရာကဘူမင်း ရာကာသည် နိုဝင်ဘာ ၁၂ ရက်တွင် အင်ဒိုနီးရှား ပြည်သူ့အတိုင်ပင်ခံညီလာခံ (MPR) ဥက္ကဋ္ဌ မုဇာနီထံ နုတ်ထွက်စာ တင်သွင်းခဲ့ပြီး ဒုတိယသမ္မတ ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒုတိယသမ္မတ ရာထူး လစ်လပ်သွားပြီးနောက် ပြည်သူ့အတိုင်ပင်ခံညီလာခံက ရက် ၆၀ အတွင်း သမ္မတ အဆိုပြုသော ကိုယ်စားလှယ်လောင်း နှစ်ဦးထဲမှ ဆက်ခံသူကို ရွေးချယ်ရမည် ဖြစ်သည်။
ဂီဘရန်ကို ၁၉၈၇ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်တွင် ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ရာထူးသက်တမ်းကို မူလက ၅ နှစ် သတ်မှတ်ထားခဲ့သည်။ မကြာသေးမီက အင်ဒိုနီးရှား တရားရုံးချုပ်က ၎င်း၏ ဒုတိယသမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်စဉ် အသုံးပြုခဲ့သော ပြည်ပ ပညာရေးအရည်အချင်း သက်သေခံလက်မှတ် တူညီကြောင်း အထောက်အထားမှာ တရားဝင်မှုမရှိကြောင်း စီရင်ဆုံးဖြတ်ခဲ့သဖြင့် ဂီဘရန်သည် နိုင်ငံရေး ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ (Xinhua)

............................
(Chinese Version)
印尼副总统吉布兰宣布辞职
新华社雅加达11月12日电(记者高竹)据印度尼西亚媒体报道,印尼副总统吉布兰·拉卡布明·拉卡12日向印尼人民协商会议主席穆扎尼递交辞呈,辞去副总统职务。
根据印尼宪法,副总统职位出现空缺后,人民协商会议须在60天内从总统提名的两名候选人中选出继任者。
吉布兰出生于1987年,于2024年10月20日宣誓就任副总统,任期原定为5年。近日,印尼最高法院裁定其参选副总统时使用的海外学历等同证明无效,吉布兰因此面临政治压力。(完)
图说:这是11月12日在印度尼西亚首都雅加达拍摄的印尼副总统吉布兰·拉卡布明·拉卡(中)。新华社发(阿贡·昆卡亚摄)