Xinhua Myanmar

ကာဇက်စတန်နိုင်ငံ သမ္မတ Tokayev က ဆင်ဟွာသတင်းဌာန တည်ထောင်ခြင်း ၉၅ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev သည် မကြာသေးမီက ဆင်ဟွာသတင်းဌာန တည်ထောင်ခြင်း ၉၅ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ဆင်ဟွာသတင်းဌာနက ကာဇက်စတန်-တရုတ် နှစ်နိုင်ငံအကြား နက်ရှိုင်းစွာအမြစ်တွယ်နေသည့် ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်း ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှုကို ခိုင်မြဲနက်ရှိုင်းစေရန်အတွက် အရေးပါသည့်စွမ်းဆောင်မှုကို များစွာချီးကျူးပြောကြားခဲ့သည်။

ဂုဏ်ပြုသဝဏ်လွှာတွင် Tokayev က ဆင်ဟွာသတင်းဌာန တည်ထောင်ခြင်း ၉၅ နှစ်ပြည့် အခါသမယတွင် ဆင်ဟွာသတင်းဌာန လုပ်ဖော်ကိုင်ဖက်အားလုံးထံသို့ အလှိုက်လှဲဆုံး ဂုဏ်ပြုစကားဆိုအပ်ကြောင်း၊ ရာစုနှစ်တစ်ခုနီးပါး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွင်း ဆင်ဟွာသတင်းဌာနသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုမှုခံခဲ့ရပြီး ကမ္ဘာပေါ်တွင်အဓိကကျသော ဩဇာလွှမ်းမိုးမှုနှင့် မြင့်မားသောဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည့် ပင်မသတင်းမီဒီယာများအနက် တစ်ခုဖြစ်လာခဲ့ကြောင်း ဆိုခဲ့သည်။

ဆင်ဟွာသတင်းဌာနသည် တရုတ်နိုင်ငံ၏ အရေးကြီးသမိုင်းဝင်ဖြစ်စဉ်များနှင့် ဖွံ့ဖြိုးတိုးတက်၊ အောင်မြင်မှုများကို အစဉ်တစိုက် အမှန်အတိုင်း မှတ်တမ်းတင်ခဲ့ပြီး အဆိုပါကြီးမြတ်သောသမိုင်းဖြစ်စဉ်အတွက် သက်ဝင်လှုပ်ရှားသော သက်သေထူသူ ဖြစ်လာခဲ့ကြောင်း၊ ဆင်ဟွာသတင်းဌာန၏ သတင်းတည်းဖြတ်တင်ဆက်မှုအဖွဲ့သည် မြင့်မားသော ကျွမ်းကျင်မှုအဆင့်အတန်း၊  မြန်ဆန်ထိရောက်မှုရှိသော လုပ်ငန်းလည်ပတ်မှုလုပ်ထုံးလုပ်နည်း၊ စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှုစိတ်ဓာတ်နှင့် ကျွမ်းကျင်သော လုပ်ငန်းစွမ်းရည်တို့ဖြင့် နာမည်ကျော်ကြားပြီး ယနေ့ခေတ် သတင်းမီဒီယာလုပ်ငန်း၏ ခေတ်မီတိုးတက်မှုအဆင့်ကို အပြည့်အဝ ပေါ်လွင်စေကြောင်း Tokayev က ပြောကြားခဲ့သည်။

Tokayev က နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းမှုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးဂရုပြုမှုနှင့် ပံ့ပိုးမှုတို့ဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးသည် ယခင်ကမရှိခဲ့ဖူးသည့်အဆင့်သို့ ရောက်ရှိခဲ့ပြီး ရာသက်ပန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်အသစ်သို့ ရောက်ရှိခဲ့ကြောင်း ပြောခဲ့သည်။

နှစ်နိုင်ငံမီဒီယာအဖွဲ့အစည်းများသည် နှစ်နိုင်ငံအတူတကွ ရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို ပြည်သူလူထုထံသို့ ဆက်လက် ဘက်စုံထောင့်စုံ ပြသတင်ဆက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးကို ချိတ်ဆက်ပေးမှု၊ အပြန်အလှန် နားလည်သိရှိမှု မြှင့်တင်ခြင်းနှင့် ချစ်ကြည်ရင်းနှီးမှု ပေါင်းကူးတံတား အခန်းကဏ္ဍမှ တစ်ဆင့်တိုးပါဝင်သွားမည်ဟု Tokayev က အခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

哈萨克斯坦总统就新华通讯社成立95周年致贺信

新华社北京11月12日电 哈萨克斯坦总统卡瑟姆若马尔特·托卡耶夫日前就新华通讯社成立95周年致贺信,高度评价新华社为巩固和深化哈中两国之间根基深厚的友谊、睦邻友好关系和相互信任作出的重要贡献。  

托卡耶夫在贺信中说,值此新华社成立95周年之际,谨向新华社全体同事致以最诚挚的祝贺!在近一个世纪的发展历程中,新华社赢得了国际社会的广泛认可,成为世界上具有重要影响力和崇高声誉的主流新闻媒体之一。  

托卡耶夫说,新华社始终忠实记录中国的重要历史事件和发展成就,成为这一伟大历史进程的生动见证者。新华社的采编团队以高度的专业素养、快速高效的工作作风、团结协作的精神和精湛的业务能力著称,充分展现了现代新闻事业先进水平。  

托卡耶夫说,在两国共同努力以及中华人民共和国主席习近平特别关心和支持下,两国合作关系提升到了前所未有的高水平,达到了永久全面战略伙伴关系的新高度。  

托卡耶夫坚信,两国媒体机构将继续向广大公众全面展示两国共同取得的发展成就,进一步发挥连接两国人民心灵、增进相互理解和友谊的桥梁作用。(完)

မူရင်းသတင်း — Xinhua Myanmar