
ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကို ပိတ်ပင်တားမြစ်ရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ပြင်းထန်စွာ စိုးရိမ်ကြောင်း ဖော်ပြလိုက်သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်၌ ပြောကြားလိုက်ကြောင်း သိရသည်။
5G နည်းပညာသည် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခြေခံအဆောက်အအုံဖြစ်ကြောင်း၊ ၎င်းအား တည်ဆောက်ခြင်းနှင့် လည်ပတ်ဆောင်ရွက်ခြင်းတို့တွင် ဈေးကွက်မူဝါဒများ၊ နည်းပညာဆိုင်ရာ ကြားနေမှုနှင့် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသင့်ကြောင်းကို တရုတ်နိုင်ငံအနေဖြင့် တစ်သမတ်တည်းဆက်လက်ထိန်းသိမ်းလာခဲ့သည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်ရာ့တုန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နည်းပညာဆိုင်ရာ ကိစ္စရပ်များအား နိုင်ငံရေးအရ အသုံးချခြင်းနှင့် အမျိုးသားလုံခြုံရေးသဘောတရားအား အလွန်အကျွံ ချဲ့ကားအသုံးပြုခြင်းတို့ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ဟယ်က ဆိုသည်။
သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ၎င်းတို့၏ မှားယွင်းသော လုပ်ဆောင်ချက်များအား ချက်ချင်းပြင်ဆင်၍ တရုတ်ကုမ္ပဏီများအတွက် တရားမျှတပြီး ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဟု မျှော်လင့်ကြောင်းလည်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
..........................................
(English Version)
China voices serious concern over certain EU countries' ban on Chinese equipment
BEIJING, Nov. 12 (Xinhua) -- China has expressed serious concern over the moves by some European Union countries to ban equipment from Chinese companies, China's Ministry of Commerce said on Thursday.
China has consistently maintained that 5G is a critical infrastructure for the development of the global digital economy, and its construction and operation should respect market principles, technological neutrality and international rules, He Yadong, a spokesperson for the ministry, told a regular press conference.
China firmly opposes the politicization of technological issues and the overstretching of the concept of national security, He said.
China hopes that the relevant countries will promptly correct their erroneous practices and provide a fair, just and non-discriminatory business environment for Chinese companies, the spokesperson added. ■
Photo caption: Visitors walk into the venue of the 2025 China 5G + Industrial Internet Conference in Wuhan, central China's Hubei Province, Nov. 21, 2025. (Xinhua/Xiao Yijiu)