.

ပေါင်ရင့် (ကျန်းဆူး)၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ယန်ကျိုးမြို့ ပေါင်ရင့်ခရိုင်သည် ဒေသတွင်းလက်တွေ့အခြေအနေပေါ် အခြေခံကာ အစိုးရမူကြိုကျောင်းများကို အဓိကထားပြီး မူကြိုနှင့် နေ့ကလေးထိန်း ပေါင်းစပ်ဝန်ဆောင်မှုကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့သည်။
ဒေသတွင်း၌ ဌာနစုံ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားကို ထူထောင်ကာ ခရိုင်အဆင့် ကလေးထိန်းဘက်စုံဝန်ဆောင်မှုစင်တာကို တည်ဆောက်ပြီး လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးစနစ်ကို ပြည့်စုံအောင် လုပ်ဆောင်ခဲ့သည်။
ဆေးပညာနှင့်ပြုစုစောင့်ရှောက်မှုကို ပေါင်းစပ်ခြင်း၊ ပြုစုစောင့်ရှောက်ရေးနှင့်ပညာရေးကို တန်းတူအလေးထားခြင်းတို့ကို မောင်းနှင်အားနှစ်ခုအဖြစ်အသုံးချ၍ "အစိုးရမှ ဦးဆောင်မှု၊ ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၊ ဆေးပညာဖြင့် အကာအကွယ်ပေးမှု၊ ပြုစုစောင့်ရှောက်ရေးနှင့် ပညာရေးကို တန်းတူအလေးထားမှု၊ လူတိုင်းလက်လှမ်းမီနိုင်သော ဝန်ဆောင်မှု" ဟူသော ဝန်ဆောင်မှုလမ်းကြောင်းကို စူးစမ်းတည်ဆောက်ခဲ့သည်။
ထိုသို့အားဖြင့် "ကလေးထိန်းရှာဖွေရန် ခက်ခဲမှု၊ ကလေးထိန်းစရိတ် ကြီးမြင့်မှု" ပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ခဲ့ပြီး အသက် ၀ နှစ် မှ ၃ နှစ်အထိ ကလေးငယ်များကို အိမ်အနီးအနားတွင်ပင် "ထိန်းကျောင်းနိုင်ခြင်း၊ စရိတ်စက တတ်နိုင်ခြင်း၊ ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ခြင်း၊ ကျွမ်းကျင်စွာ ထိန်းကျောင်းနိုင်ခြင်း" တို့ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။
ယနေ့အထိ ပေါင်ရင့်ခရိုင်တွင် ကလေးငယ် အယောက်တစ်ထောင်လျှင် ကလေးထိန်းနေရာ ၆၀၆ ခုရှိပြီး မူကြိုနှင့်နေ့ကလေးထိန်းပေါင်းစပ် ဝန်ဆောင်မှု လွှမ်းခြုံမှုနှုန်းမှာ ၉၇ ရာခိုင်နှုန်း ဖြစ်ကာ မူကြိုနှင့်နေ့ကလေးထိန်းမှု ပေါင်းစပ်ထားသော နေရာများ၏ အချိုးမှာ ၈၁.၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
江苏宝应:托幼一体化服务惠民生
新华社照片,宝应(江苏),2026年11月11日
近年来,江苏省扬州市宝应县立足本地实际,以公办幼儿园为主体大力发展托幼一体化服务。当地建立多部门联席会议协同机制,建设县级托育综合服务中心,完善人才培养体系,以医育融合、保教并重为双引擎,探索形成“政府主导、部门协同、医育护航、保教并重、普惠可及”服务路径,有效破解“入托难、入托贵”问题,实现0至3岁婴幼儿在家门口“托得上、托得起、托得优、托得专”。截至目前,宝应县每千名婴幼儿托位数606个,托幼一体化覆盖率97%,托幼一体化托位占比81.5%。
图说1:11月10日,在宝应县县直机关第一幼儿园,宝宝班的小朋友们参加早操比赛。新华社记者 季春鹏 摄
图说2:11月11日,在宝应锦城实验幼儿园,保育人员照料乳儿班的宝宝。新华社记者 季春鹏 摄





