
စစ်ကိုင်းတိုင်း ဝန်းသိုမြို့ရှိ ပြည်သူ့ဆေးရုံအား ယနေ့(နိုဝင်ဘာ ၁၁ ရက်)တွင် PDF ပူးပေါင်းအဖွဲ့များက Drop Bomb ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ PDF များက Drop Bomb ချတိုက်ခိုက်ခဲ့ရာ ဆေးရုံဝန်းအတွင်းရှိ သံဃာကုသဆောင်နှင့် ဆေးရုံအစည်းအဝေးခန်းမနေရာများသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ Drop Bomb ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးရုံအဆောက်အအုံ ပြတင်းပေါက်မှန်တံခါးများ၊ မျက်နှာကျက်များ၊ အဆောက်အအုံနံရံများ၊ ရေပိုက်လိုင်းများနှင့် အခြားပရိဘောဂပစ္စည်းများ ဗုံးစထိမှန်ပျက်စီးခဲ့ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။