Eleven Media Group

ရေတာရှည်မြို့အနီး ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

ရေတာရှည်မြို့အနီး ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ညနေပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၇ မိနစ်ခန့်တွင် တောင်ငူမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် (၃၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရေတာရှည်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၃၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၁) ဒီဂရီ၊ အနက် (၁၂) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၀ ရက်ညနေပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့-အရှေ့မြောက်ဘက် (၃) မိုင်ခန့်အကွာကို ဗဟိုပြု၍ ပမာဏ ၃ ဒသမ ၇ (Richter Scale) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့ရှိ ဒေသခံများ သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group