
မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ ကျောက်တန်းစက်မှုဇုန်ရှိ KKK ဝဥ စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ နိုဝင်ဘာလ ၁၂ ရက်နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အဆိုပါ ကျောက်တန်းစက်မှုဇုန်ရှိ KKK ဝဥ စက်ရုံ၌ ဝဥအခြောက်ခံ ကျောက်မီးသွေးသုံးမီးဖိုမှ အပူရှိန်လွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ထိုမီးလောင်မှုအား မွန်ပြည်နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ မော်လမြိုင်ခရိုင်မီးသတ်စခန်းမှ မိးငြှိမ်းသတ်ယာဉ် (၁) စီး၊ မော်လမြိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မြိုင်သာယာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးတို့ဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် (၆) နာရီိခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုကြောင့် အခြောက်ခံထားသာ ဝဥ ပိဿာ (၅၀၀) ခန့် မီးလောင်ပျက်ဆီးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
"ဝဥစက်ရုံ မီးလောင်မှုမှာ လူထိခိုက်မှုမရှိခဲ့ပါဘူး" ဟု ကယ်ဆယ်ရေး သမားတစ်ဦးက ပြောကြားသည်။
ထို မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံတာဝန်ခံဖြစ်သူအား မုပွန်နယ်မြေရဲစခန်းတွင် မီးပေါ့ဆမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
■ Photo Credit - MFSD