Eleven Media Group

■ CNG အဌားယာဉ်များ CNG စတစ်ကာများ မကပ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်းထံ ဝင်ရောက်ခြင်းများမရှိပါက CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းမည်

CNG အဌားယာဉ်များ CNG စတစ်ကာများ မကပ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်းထံ ဝင်ရောက်ခြင်းများမရှိပါက CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။

‎ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း(YCTA)ထံ ဝင်ရောက်ခြင်းနှင့် စတေကာကပ်ခြင်းများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါကCNG ဝယ်ယူခွင့်အား ၂ဝ၂၇ ခုနှစ်ဇန်နဝါရီလ ၁ ရက်မှစ၍ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စများကို ဆောင်ရွက်ပြီးစီးမှသာ CNG ဝယ်ယူခွင့်ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

‎ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) စင်းလုံးငှားဌာန၏ နိုဝင်ဘာ ၉ ရက်ထိ မှတ်ပုံတင်စာရင်းအရ ဓာတ်ဆီယာဉ် ၃၃၂၅၆၊ဒီဇယ်ယာဉ် ၂၈၁၃ စီး၊ CNG တက္ကစီ ၁၇၉၇၅ စီး၊ EV Taxi ၁၅၂၀ စီး၊ စုစုပေါင်း ၅၅၅၆၄ စီးရှိကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် CNG ယာဉ်များအတွက် မော်တော်ယာဉ်သုံး သဘာဓာတ်ငွေ့ CNG ကို ၁-ကီလိုဂရမ်လျှင်၂၇၃ကျပ်၂၅ ပြားဖြင့်ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

#elevennews #CNG အဌားယာဉ်များ #စီးတီးတက္ကစီအသင်းထံ #ဝင်ရောက်ခြင်းများမရှိပါက CNG ဝယ်ယူခွင့် #ယာယီပိတ်သိမ်းမည်

မူရင်းသတင်း — Eleven Media Group