Eleven Media Group

မြဝတီမြို့ AAA ကတ္တားချိန်ဝင်းအ​ရှေ့ရှိ တံတားအားယာဉ်တစ်စီး အရှိန်ပြင်းစွာဝင်တိုက်မိသဖြင့် လူနှစ်ဦး သေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိ

မြဝတံမြို့ အမှတ် (၄)ရပ်ကွက် အာရှလမ်း AAA ကတ္တားချိန်ဝင်းအ​ရှေ့ရှိတံတား ​ဘောင်အား နိုဝင်ဘာလ ၁၁ ရက်​နေ့ ည၉နာရီ အချိန် မြဝတီမြို့ပြင် ​မြေနီကုန်းဘက်မှ မြို့တွင်းသို့ ​​မောင်းနှင်လာ​သော ​မော်​တော် ယာဉ်တစ်စီးသည် အရှိန်ပြင်းစွာဝင်တိုက်ခြင်း​ကြောင့် လူနှစ်ဦး ​သေဆုံးကာ လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့​ကြောင်းသိရသည်။

မြဝတီအာရှလမ်း ၊အမှတ်၄ရပ်ကွက် ၊​ဒေါနပန်းလမ်းဆုံ AAA​ရှေ့တံတားတွင် ​မော်​တော်ယာဉ်တစ်စီးတံတား​ဘောင်နှင့်တိုက်ကာ တိမ်း​မှောင်သွား​ကြောင်းသတင်းအရ Z.Sescue လူမှုကယ်ဆယ်​ရေးအဖွဲ့ သည် ​မော်​တော်ယာဉ်သုံးစီးဖြင့် ချက်ချင်းသွား​ရောက်ကာ ကယ်ဆယ်​ရေးလုပ်ငန်းများ​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

"ကားက အရှိန်ပြင်းလွန်းတယ်ထင်တယ်။ကားထဲမှာ တစ်​ယောက်ညှပ်​နေတယ်။ ယာဉ်​မောင်းပါ၊ ယာဉ်မောင်းကို Hydraulic Cutter ဟိုက်ဒရောလစ် ကတ္တာ ကယ်ဆယ်ရေးကိရိယာ​တွေ အသုံးပြု ဆွဲထုတ်ကယ်ဆယ်ခဲ့ပါတယ်။ အသက်ရှင်ရေးအတွက် CPR အရေးပေါ် ပြုစုကုသမှုများ ဆောင်ရွက်ခဲ့ ​ပေမဲ့စိတ်မကောင်းဖွယ်ရာ အသက်ဆုံးရံှုးခဲ့ရပါတယ်"ဟု Z.Rescue အဖွဲ့ တာဝန်ရှိသူကို​​ဇော် က​ပြောသည်။

ယာဉ်တိုက်မှု ဖြစ်စဉ် ​ကြောင့် ​သေဆုံး ၊ဒဏ်ရာရသူများကို မြဝတီခရိုင်ပြည်သူ့​ဆေးရုံကြီးသို့ အ​ရေး​ပေါ်ကယ်ဆယ်​​ရေး ကားများဖြင့် အချိန်မီ ပို့​ဆောင်​​​ပေးခဲ့​ ကြ ​သော်လည်း ​ဆေးကုသမှုခံယူ​နေစဉ် တစ်ဦးထပ်မံ​သေဆုံးသွားကြောင်းသိရသည်။

အခင်းဖြစ်​နေရာသို့ မြဝတီခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ၊ရဲတပ်ဖွဲ့ ၊ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊Z.Rescue လူမှု​ ကယ်ဆယ်​ရေး၊"အလင်းသစ်"လူမှု ကယ်ဆယ်​ရေးအဖွဲ့ များ​ရောက်ရှိကာ လိုအပ်သည်များကူညီ​ဆောင်ရွက်​ပေးခဲ့ကြ​ကြောင်းသိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာ တံတား ​နေရာတွင် လမ်းကျယ်သ​လောက် တံတားကကျည်းသည့်အတွက် ယာဉ်မ​တော်တဆမှု မကြာခဏ ဖြစ်​ပွား​ကြောင်းလည်း ရပ်ကွက်​နေပြည်သူများက​ပြောသည်။

Photo Z.Rescue

မူရင်းသတင်း — Eleven Media Group