
မြဝတီနယ်စပ်မြို့ စိမ်းလဲ့မြိုင်အဝေးပြေး ကားဝင်းအနီး အောင်မြေဇေယျာမဏိဇောတာရာမ သစ်တံခါး ကျောင်းတိုက် ပရဝုဏ်ဝင်းအတွင်း၌ ကိန်းဝပ်စံပယ်တော်မူမည့် မန္တလေးမဟာမုနိပုံစံတူ ရုပ်ရှင်တော်မြတ်အား လာရောက်ဖူးမြော်သူများပြားဖြင့် စည်ကားလျက်ရှိသည်။
မန္တလေး မဟာမုနိဘုရားကြီးပုံစံတူ ဉာဏ်တော်မှာ မဂိုဋ်တော်အပါအဝင် ၂၅ပေ ၃လက်မရှိသော ရုပ်ရှင်တော်မြတ်အား မန္တလေးမြို့မှ မြဝတီမြို့သို့ နိုဝင်ဘာလ ၆ ရက်က ပင့်ဆောင်လာခဲ့ခြင်းဖြစ်ပြီ ယခုအခါ ကန္ဓကုဋိတိုက်အရှ၌ယာယီ ကိန်းဝပ်စံပယ်လျက်ရှိရာ ဒေသခံများနှင့် နယ်ဝေးဘုရားများနှင့် စည်ကား လျက်ရှိသည်။
ဘုရားကြီးအား နိုဝင်ဘာလ ၂၀ ရက်နေ့မတိုင်ခင်မှာ ဂန္ဓကုဋိတိုက်အတွင်းရှိ ပလ္လင်ပေါ်သို့ ပင့်ဆောင်း ကြမည်ဖြစ်သည်။ ဤသာသနာ့မြေနေရာသို့ ဘုရားဖူးရောက်ရှိလာသူများ စိတ်အေးချမ်းသာ စေချင်သည့် တစ်ခုတည်းသောရည်ရွယ်ချက်ဖြင့် တည်ထားကိုးကွယ် ခြင်းသည်ဟူ ဘုရားဒါယကာ ဦးနိုင်မောင်ဇော် ကပြောသည်။
"ရည်ရွယ်ချက်က တစ်ခုတည်းပါ၊ဒီကာလမှာ လူတွေအားလုံး အပူသောကတွေ ရှိနေကြတာ၊ ဒီသာသနာ့နယ်မြေထဲကို ရောက်လာတဲ့အချိန် (၇) ရက်သားသမီး အေးချမ်းပါစေ ငြိမ်းအေး ပါစေ ဆိုတဲ့ ရည်ရွယ်ချက်တစ်ခု တည်းနဲ့ ကြိုးစားပန်းစား ဆောင်ရွက်ခဲ့ကြတာ၊လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်"ဟု ဘုရားဒါယကာ ဦးနိုင်မောင်ဇော်က ပြောသည်။
မဟာမုနိရုပ်ရှင်တော်မြတ်အား ကိန်းဝပ်စံပယ်မည့် ဂန္ဓကုဋိတိုက်အတွင်းသို့ပင့်ဆောင်ခြင်းသို့ သစ်တံခါးဆရာတော်ဘုရားနှင့် မန္တလေးရေတော် ဆရာတော်ဘုရားတို့ ကြွရောက် ပူဇော်မည်ဖြစ်သည်။
ထို့ နောက် ဒီဇင်ဘာ လ ၁၀ ရက်နေ့တွင် တန်ဆောင်းတော်ပြဿအား ထီးတော်တင်လှူမည်ဖြစ်ကြောင်းသိရသည်။