
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
,
အီရန်ဘက်က အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိလာတာကြောင့် မကြာသေးခင်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်ဟာ သူ့နေအိမ်ကနေ စစ်ဘက်အခြေစိုက်စခန်း တစ်ခုကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့ သတင်း ရင်းမြစ်တွေကို ကိုးကားပြီး New York Times က အင်္ဂါနေ့မှာ ဖော်ပြပါတယ်။
အီရန်ဟာ အမေရိကန်ဝန်ထမ်းတွေကို ပစ်မှတ်ထားဖို့ ကြိုးပမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်လာပြီး အမေရိကန်နိုင်ငံသား တွေကို အီရန်ဘက်က သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်နေမှုတွေဟာ “အဆင့်မြင့်အခြေအနေ” အထိ ရောက်နေပြီလို့ Trump အစိုးရရဲ့ အကြီးတန်း ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ Reuters က ရရှိထားတဲ့ မှတ်တမ်းတစ်စောင်မှာ သတိပေးထားပါတယ်။
ဘက်ဆင့်အပေါ် ခြိမ်းခြောက်မှုတွေ ဘယ်လောက်အထိ ပြင်းထန်တယ်ဆိုတာတော့ ချက်ချင်း မသိရသေးဘူးလို့ သတင်းစာက ဖော်ပြပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်မြေပေါ်မှာ အမေရိကန်အရာရှိတွေနဲ့ ပြည်သူတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အရင်က ငြင်းဆိုထားပါတယ်။
အမေရိကန်အရာရှိတွေကလည်း အီရန်အနေနဲ့ အမေရိကန်နဲ့ နိုင်ငံရပ်ခြားက တခြားနေရာတွေမှာ အကြီးစား တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်စွမ်းဟာ ကန့်သတ်ချက်ရှိတယ်လို့ သုံးသပ်ထားပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်ချက် မပေးသေးပါဘူး။
ဘက်ဆင့်ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေး စစ်ပွဲကာလအတွင်း အီရန်အပေါ် ဝါရှင်တန်ရဲ့ စီးပွားရေးဖိအားပေးမှုတွေကို ဦးဆောင်ပြောကြားနေတဲ့ အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။
အဲဒီစစ်ပွဲအတွင်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေနဲ့ အစ္စရေးရဲ့ လက်ဘနွန်အပေါ် တိုက်ခိုက်မှုတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး သန်းနဲ့ချီတဲ့ လူတွေ နေရပ်စွန့်ခွာခဲ့ရပါတယ်။
Ref – Reuters