
Chery ၏ brand တစ်ခုဖြစ်သည့် Jetour သည် ၎င်းတို့၏ ပထမဆုံး လျှပ်စစ်ကား Jetour TX (Tourer) ကို နိုဝင်ဘာလ ၁၆ ရက်တွင် pre-sale စတင်ရောင်းချပေးမည်ဖြစ်ကြောင်း တရားဝင်ကြေညာသည်။
ကားအမျိုးအစားမှာ compact pure electric SUV ဖြစ်ပြီး Falcon 500 intelligent driving assistance system ထည့်ပေးထားသည်။
((ဒီဇိုင်းပိုင်း))
Jetour TX ၏ ရှေ့ပိုင်းတွင် အပိတ်ရှဲလ် ဒီဇိုင်း သုံးထားပြီး ခေတ်ဟောင်းပုံ နှစ်လုံးတွဲ ရှေ့မီးဝိုင်းကြီးများနှင့် လေခွင်းအားကောင်းစေရန် လေဝင်ပေါက်များ ထည့်ထားသည်။
အရွယ်အစားမှာ 4,605/1,880/1,700 mm ရှိပြီး wheelbase မှာ 2,735 mm ဖြစ်သည်။
ရှေ့ပိုင်းအတက်ထောင့် (approach angle) ၂၁ ဒီဂရီ၊ နောက်ပိုင်း အဆင်းထောင့် (departure angle) ၂၆ ဒီဂရီ၊ မြေပြင် ကင်းလွတ်အမြင့် (ground clearance) ၂၀၀ မီလီမီတာရှိပြီး ရေအနက် ၅၀၀ မီလီမီတာအထိ ဖြတ်သန်းမောင်းနှင်နိုင်စွမ်း ရှိသည်။
လမ်းကြမ်း ထိန်းချုပ်မောင်းနှင်သည့်စနစ် (off-road crawl control) နှင့် တင့်ကားကဲ့သို့ နေရာတွင်ပင် လှည့်ပတ်နိုင်စွမ်း (tank turn capabilities) တို့လည်း ပါဝင်သည်။



(Jetour TX ၏ ရှေ့၊ ဘေးနှင့် နောက်ဖက် မြင်ကွင်းများ။ ဓာတ်ပုံ CNC)
((အတွင်းပိုင်းနည်းပညာ))
အသုံးပြုထားသည့် chip မှာ Qualcomm Snapdragon 8775 ဖြစ်သည်။
၁၅ ဒသမ ၆ လက်မ 2.5K central touchscreen ၊ iFlytek အသံမှတ်သိစနစ် (voice recognition) နှင့် Doubao large language model တို့ အသုံးပြုထားသည်။
(မှတ်ချက်။ iFlytek နှင့် Doubao တို့ ပူးပေါင်းပေးထားသဖြင့် ခေတ်ဟောင်းကားများကဲ့သို့ လေအေးပေးစက် ဖွင့်ပါဟူသော ပုံသေ အမိန့်ပေးစကားများကို နားလည်ရုံမျှ မဟုတ်တော့။ ကားမောင်းနေရင်း “နည်းနည်းအေးလာသလိုပဲ” ဟု ပြောလိုက်ရုံဖြင့် Doubao က အဓိပ္ပာယ်နားလည်ကာ လေအေးပေးစက်၏ အအေးဓာတ်ကို အလိုအလျောက် ချိန်ညှိပေးနိုင်သည်။ ကားမောင်းနေရင်း မိမိသွားမည့်နေရာ၊ သွားမည့်မြို့အကြောင်း၊ စားသောက်ဆိုင် ကောင်းကောင်း ရှိမည့်နေရာ အစရှိသည်တို့ မေးပါက ချက်ချင်းရှာဖွေပြီး အသံဖြင့် ပြန်ရှင်းပြသည်။ သွားမည့်လမ်းကြောင်းရွေးချယ်မှုကိုလည်း စကားပြောကာ လုပ်ဆောင်ခိုင်းနိုင်သည်။ iFlytek အသံဖမ်းစနစ် (voice recognition) ဖြင့် ပေါင်းစပ်ထားသဖြင့် ကားအတွင်းရှိ ခလုတ်များကို လက်ဖြင့်နှိပ်နေစရာ မလိုဘဲ အသံဖြင့်ပင် အားလုံးထိန်းချုပ်နိုင်သည်။ ကားမှန် အတင်အချလုပ်ခြင်း၊ ထိုင်ခုံ၏ အနှိပ်စနစ်ဖွင့်ခြင်း၊ သီချင်းရွေးခြင်း၊ ဘက်ထရီအား စစ်ဆေးခြင်း အစရှိသည်တို့ကို အသံဖြင့် စေခိုင်းနိုင်သည်။ ကားစီးရင်း ပျင်းလာပါက ပုံပြင်ပြောခိုင်း၍လည်း ရသေးသည်။))
ထိုင်ခုံများမှာ အလွှာ ၁၁ လွှာ ဖွဲ့စည်းထားသည်။ ရှေ့ခုံများတွင် အပူပေးစနစ်၊ လေဝင်လေထွက်စနစ်နှင့် ၈ နေရာ အနှိပ်စနစ်တို့ ပါဝင်သည်။
ကားအတွင်း ပစ္စည်းထားသိုနိုင်သည့် နေရာပေါင်း ၃၁ ခုအထိ ပါဝင်သည်။
((Performance ပိုင်း))
Jetour TX ကို two-wheel drive (2WD) နှင့် four-wheel drive (4WD) ဟူ၍ ၂ မျိုး ထုတ်လုပ်ထားသည်။
#2WD ဗားရှင်း= 200 kW (268 hp) မော်တာ သုံးထားသည်။
# 4WD ဗားရှင်း= မော်တာ ၂ လုံး၏ စုစုပေါင်း အထွက်အား 275 kW (369 hp) ရှိသည်။ အမြန်နှုန်း တင်နိုင်စွမ်းမှာ 0 to 100 km/h ကို ၅ စက္ကန့်အတွင်း ရနိုင်သည်။
ဘက်ထရီမှာ Chery ထုတ် 67.2 kWh “Rhino” ဘက်ထရီကို lineup တစ်ခုလုံးတွင် standard အနေဖြင့် သုံးထားသည်။
မောင်းနိုင်မည့် range မှာ ကီလို ၅၅၀ ဖြစ်ပြီး စွမ်းအင်သုံးစွဲနှုန်းမှာ 13.5 kWh/100 km ဖြစ်သည်။
ထို့အပြင် ကားမှတစ်ဆင့် ပြင်ပလျှပ်စစ်ပစ္စည်းများသို့ 6.6 kW အား ပြန်ထုတ်ပေးနိုင်သည့် (V2L external discharge) စနစ်လည်း support ပေးထားသည်။




(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Jetour’s first BEV: The TX to open pre-sales on November 16 with 550 km CLTC range