CarsDB

EV နဲ့ Hybrid ကားတွေရဲ့ ဘရိတ်စနစ် သုံးစွဲပုံ ကွာခြားချက် ⚡🚗

မော်တော်ကားလောကမှာ ရေပန်းစားလာတဲ့ EV နဲ့ Hybrid ကားတွေဟာ ရိုးရာဓာတ်ဆီကားတွေနဲ့ မတူဘဲ ဆန်းသစ်တဲ့ ဘရိတ်စနစ်နည်းပညာတွေကို အသုံးပြုထားကြပါတယ်။

ဒီကားနှစ်မျိုးရဲ့ ဘရိတ်စနစ် သုံးစွဲပုံနဲ့ အလုပ်လုပ်ပုံ ကွာခြားချက်တွေကို Knowledge Sharing ပုံအနေနဲ့ဖော်ပြပေးချင်ပါတယ် 🔋

EV တွေမှာ ဘရိတ်နင်းလိုက်တဲ့အခါ ဒါမှမဟုတ် စတီယာတိုင်က ဘရိတ် paddles လေးတွေကို လွှတ်လိုက်တဲ့အခါ မော်တာက နောက်ပြန်လှည့်လည်ပြီးလျှပ်စစ်ဓာတ်အားကို ပြန်လည်ထုတ်လုပ်ပေးတဲ့ Regenerative Braking စနစ်ကို အဓိက အားကိုးအသုံးပြုကြပါတယ်။

ဒီစနစ်ကြောင့် ခြေထောက်နဲ့ ဘရိတ်အုပ်စရာ မလိုဘဲ အရှိန်ကို လျှော့ချနိုင်ပြီး ထွက်လာတဲ့ စွမ်းအင်တွေကို ဘက်ထရီထဲကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

Hybrid ကားတွေမှာတော့ ဓာတ်ဆီအင်ဂျင်နဲ့ လျှပ်စစ်မော်တာ နှစ်ခုစလုံး ပါဝင်တဲ့အတွက် ဘရိတ်သုံးစွဲပုံက အနည်းငယ် ကွာခြားပါတယ်။

ဟိုက်ဘရစ်ကားတွေဟာလည်း Regenerative Braking စနစ်ကို အသုံးပြုပြီး ဘက်ထရီအားသွင်းကြပေမဲ့ မောင်းနှင်တဲ့အခြေအနေပေါ်မူတည်ပြီး Hydraulic Brakes နဲ့ လျှပ်စစ်မော်တာ ဘရိတ်တို့ ချိတ်ဆက်အလုပ်လုပ်ကြပါတယ်။

ဥပမာအားဖြင့် အရှိန်ပြင်းပြင်းနဲ့ ရုတ်တရက် ဘရိတ်အုပ်တဲ့အခါ ဟိုက်ဒရောလစ်စနစ်က အဓိက ဝင်ရောက် ထိန်းချုပ်ပေးပါတယ်။

နောက်ဆုံးအနေနဲ့ ဘရိတ်ပြားနဲ့ ပွန်းပဲ့ယိုယွင်းမှု သက်တမ်းပိုင်းမှာ EV ကားတွေဟာ Regenerative Braking ကို အလွန်အမင်း အသုံးပြုတဲ့အတွက် ရိုးရာဘရိတ်ပြား (Brake Pads) တွေရဲ့ပွန်းပဲ့ပျက်စီးမှုနှုန်း အလွန်နည်းပါးပြီး သက်တမ်းအင်မတန် ရှည်လျားပါတယ်။

ဟိုက်ဘရစ်ကားတွေမှာလည်း ဘရိတ်ပြား သက်တမ်း ရှည်လျားပေမဲ့ ကားကိုယ်ထည် အလေးချိန်နဲ့ အင်ဂျင်အမျိုးအစားပေါ်မူတည်ပြီး ရိုးရာကားများထက် ပိုမိုသက်သာသော်လည်း EV လောက်တော့ ဘရိတ်ပြား ခံနိုင်ရည် မများလှပါဘူး။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

မူရင်းသတင်း — CarsDB