Kanbawza Tai News

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ နေ့လွှတ်အရုပ်များ စတင်လွှတ်တင်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်မှ စတင်၍ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းအတွင်း စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

,

ယနေ့ နေ့လွှတ်ပြိုင်ပွဲ ပထမနေ့ဖြစ်သော နိုဝင်ဘာ ၁၃ ရက်တွင် နေ့လွှတ်အရုပ် ခြေ ၂ ချောင်း၊ ခြေ ၄ ချောင်း၊ အုပ်စု ပြိုင်ပွဲဝင်အဖွဲ့ စုစုပေါင်း ၄၀ တို့က ဝင်ရောက်ယှဉ်ပြိုင်လွှတ်တင်လျက်ရှိကြောင်း သိရသည်။

တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၂၃၆ လုံး၊ ခြေလေးချောင်း ၁၃၈ လုံး၊ အုပ်စု ၇၅ ၊ ညလွှတ် ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး၊ စုစုပေါင်း ၅၆၁ လုံးကို လွှတ်တင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာလ ၁၆ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်အထိ ပြုလုပ်ကာ နိုဝင်ဘာ ၂၅ ရက်တွင် ဆုပေးပွဲနှင့် ပိတ်ပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News