
နယူးယောက်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
Nvidia ကုမ္ပဏီ ရာထူးအပြောင်းအလဲ၊ နိုင်ငံတကာ ရေနံဈေးမြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှုအပေါ် မျှော်မှန်းချက် စသည့် အနုတ်လက္ခဏာဆောင်သော အကြောင်းရင်းများစွာ ဖိနှိပ်မှုကြောင့် အမေရိကန် နယူးယောက် စတော့အိတ်ချိန်း အဓိကညွှန်းကိန်းသုံးခုစလုံး နိုဝင်ဘာ ၁၂ ရက်တွင် အနိမ့်ဈေးဖြင့် ဈေးကွက်ဖွင့်ခဲ့ပြီး ဈေးကွက်ပိတ်သိမ်းချိန်တွင်လည်း သုံးခုစလုံး ကျဆင်းခဲ့သည်။
ထိုနေ့ဈေးကွက်ပိတ်သိမ်းချိန်တွင် Dow Jones Industrial Average အညွှန်းကိန်းသည် ယမန်အရောင်းအဝယ်ပြုလုပ်မှုနေ့ တစ်နေ့ထက် ၁၈၉.၄၀ ပွိုင့် ကျဆင်းကာ ၅၂၂၉၇.၀၉ ပွိုင့်ဖြင့် ပိတ်သွားပြီး ကျဆင်းမှုပမာဏ ၀.၃၆ ရာခိုင်နှုန်း ရှိသည်။ S&P 500 Index အညွှန်းကိန်းသည် ၂၆.၉၈ ပွိုင့် ကျဆင်းကာ ၇၅၉၂.၄၀ ပွိုင့်ဖြင့် ပိတ်သွားပြီး ကျဆင်းမှုပမာဏ ၀.၃၅ ရာခိုင်နှုန်း ရှိသည်။ NASDAQ Composite အညွှန်းကိန်းသည် ၁၀၀.၁၀ ပွိုင့် ကျဆင်းကာ ၂၅၃၆၆.၀၉ ပွိုင့်ဖြင့် ပိတ်သွားပြီး ကျဆင်းမှုပမာဏမှာ ၀.၃၉ ရာခိုင်နှုန်း ရှိသည်။
အမေရိကန် ချိ(ပ်စ်) ပြား ထုတ်လုပ်သူ Nvidia ကုမ္ပဏီသည် ကုမ္ပဏီ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးအရာရှိချုပ် Colette Kress က ယာယီအမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း၊ ကုမ္ပဏီတွဲဖက်တည်ထောင်သူ Jensen Huang သည် ကုမ္ပဏီဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာရာထူးများမှ နုတ်ထွက်ခဲ့ပြီး နုတ်ထွက်မှုမှာ ချက်ချင်းအသက်ဝင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသတင်းကြောင့် Nvidia ကုမ္ပဏီ၏ စတော့ရှယ်ယာစျေးနှုန်းသည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တစ်ချိန်က ၁၄.၃၅ ရာခိုင်နှုန်း ပြင်းထန်စွာကျဆင်းသွားခဲ့ပြီး သုတေသနအဖွဲ့အစည်းများစွာက Nvidia ကုမ္ပဏီ၏ ပစ်မှတ်စတော့စျေးနှုန်း (Target Price) ကို လျှော့ချခဲ့ကာ စျေးကွက်တွင် လူကြိုက်နှုန်းမှာ အလုံးစုံ ဖိအားများခဲ့သည်။ သို့သော် စျေးကွက်က Nvidia ကုမ္ပဏီ ရာထူးအပြောင်းအလဲဖြစ်မှု၏ သက်ရောက်မှုကို တဖြည်းဖြည်း ချေဖျက်လာနိုင်ပြီးနောက် သုတေသနအဖွဲ့အစည်းများစွာက ဉာဏ်ရည်တု (AI) လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာအပေါ် အကောင်းမြင်ဆဲဖြစ်ကြောင်း ဖော်ပြခဲ့ပြီး Nvidia ၏ စတော့ရှယ်ယာစျေးနှုန်း ကျဆင်းမှုမှာ သိသိသာသာ ကျဉ်းမြောင်းလာကာ ချစ်ပ်ပြား ကုမ္ပဏီများစွာ၏ စတော့ရှယ်ယာစျေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့သည်။

ထိုနေ့တွင် အမေရိကန်သမ္မတ ထရမ့်၏ အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှု အလားအလာနှင့်ပတ်သက်သော ပြောကြားချက်သည် နိုင်ငံတကာ ရေနံစျေးနှုန်းကို သိသိသာသာ မြင့်တက်လာစေရန် လှုံ့ဆော်ခဲ့ပြီး စျေးကွက်တစ်ခုလုံးအတွက် ဆိုးကျိုးသက်ရောက်ခဲ့သည်။ ၎င်းက လူမှုမီဒီယာတွင် ပို့စ်တင်၍ "ကျုပ်တို့က အီရန်နဲ့ ဘာသဘောတူညီချက်မှ ရရှိဖို့ မလိုအပ်ပါဘူး။ အဲဒီအချိန်တွေက ကျော်လွန်ခဲ့ပါပြီ။ ကျုပ်တို့က သူတို့ရဲ့ ငွေကြေး ဒေါ်လာဘီလီယံရာနှင့်ချီကို ကိုင်ဆောင်ထားပြီး သူတို့ရဲ့ (ဟော်မုဇ်) ရေလက်ကြားကိုလည်း ထိန်းချုပ်ထားပါတယ်" ဟု ရေးသားခဲ့သည်။
ထိုနေ့ ဈေးကွက်ပိတ်သိမ်းချိန်အထိ နယူးယောက် ကုန်စည်ဒိုင်၏ ဒီဇင်ဘာလပို့ဆောင်မည့် အပေါ့စား ရေနံစိမ်း အနာဂတ်စျေးနှုန်းသည် အမေရိကန်ဒေါ်လာ ၂.၂၁ မြင့်တက်လာခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၈.၇၄ ဖြင့် ပိတ်ခဲ့ရာ မြင့်တက်မှုပမာဏ ၂.၅၅ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၂၇ ခုနှစ် ဇန်နဝါရီလပို့ဆောင်မည့် လန်ဒန် ဘရမ့်ရေနံစိမ်း အနာဂတ်စျေးနှုန်းသည် အမေရိကန်ဒေါ်လာ ၃.၀၆ မြင့်တက်လာခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၅.၈၂ ဖြင့် ပိတ်သွားခဲ့ပြီး မြင့်တက်မှုပမာဏ ၃.၃ ရာခိုင်နှုန်း ရှိသည်။
Chicago Federal Reserve Bank ဥက္ကဋ္ဌ Austan Goolsbee က ငွေကြေးဖောင်းပွမှုသည် မျှော်လင့်ထားသည့်အတိုင်း သိသိသာသာ ကျဆင်းမှု မရှိခဲ့သဖြင့် ယခုအချိန်သည် "အန္တရာယ်ရှိသောအချိန်" တွင် ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၏ ငွေကြေးဖောင်းပွမှု ဆက်လက်တည်ရှိနေသဖြင့် စျေးကွက်က အမေရိကန်ဗဟိုဘဏ်သည် ငွေကြေးမူဝါဒကို ပိုမိုတင်းကျပ်လာနိုင်သည်ဟု မျှော်မှန်းထားရာ အမေရိကန်ဒေါ်လာ အားကောင်းလာပြီး အမေရိကန် နိုင်ငံတော်ငွေတိုက်စာချုပ် အမြတ်နှုန်းများ မြင့်တက်လာသလို ရွှေနှင့် ငွေ အနာဂတ်စျေးနှုန်းများမှာ နိုဝင်ဘာ ၁၂ ရက်တွင် ပမာအများအပြား ကျဆင်းခဲ့သည်။
နယူးယောက် ကုန်စည်ဒိုင်၏ ဒီဇင်ဘာလ ရွှေအနာဂတ်စျေးနှုန်းသည် ထိုနေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃,၉၀၀ အထိ ထပ်မံကျဆင်းခဲ့ပြီး နံနက်ပိုင်းတွင် ဈေးနှုန်းကျဆင်းမှုပမာဏက အချိန်အတိုင်းအတာတစ်ခုအတွင်း ၃.၅ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ ဒီဇင်ဘာလ ငွေအနာဂတ်စျေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၀ အထိ ကျဆင်းခဲ့ပြီး ကျဆင်းမှုပမာဏ ၄ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ လေ့လာသုံးသပ်သူများက အဆက်မပြတ် ငွေကြေးဖောင်းပွမှုသည် အမေရိကန်ဗဟိုဘဏ်ကို တင်းကျပ်သော မူဝါဒ ဆက်လက်ထိန်းသိမ်းရန် တွန်းအားပေးနေသဖြင့် အဖိုးတန်သတ္တုများသည် နောက်ထပ် ရောင်းချမှုဖိအားများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ယူဆကြသည်။
ငွေကြေးဖောင်းပွမှု မျှော်မှန်းချက်နှင့် ဘေးကင်းလုံခြုံသော ရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးလိုအပ်ချက်တို့ကြောင့် ထိုနေ့တွင် အမေရိကန်၏ ၂ နှစ်သက်တမ်းနှင့် ၁၀ နှစ်သက်တမ်း နိုင်ငံတော်ငွေတိုက်စာချုပ် အမြတ်နှုန်းများ အခြေခံအမှတ် ၁၄ မှတ်ကျော် သိသိသာသာ မြင့်တက်သွားခဲ့ပြီး ၄.၈၉ ရာခိုင်နှုန်း နှင့် ၅.၁၃ ရာခိုင်နှုန်း သီးခြားစီဖြင့် ပိတ်သွားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
综述|多重利空致纽约股市下跌
新华社纽约11月12日电 综述|多重利空致纽约股市下跌 新华社记者刘亚南
由于英伟达公司人事变动、国际油价上涨和通胀预期等利空打压,美国纽约股市三大股指12日低开,收盘时均下跌。
截至当天收盘,道琼斯工业平均指数比前一交易日下跌189.40点,收于52297.09点,跌幅为0.36%;标准普尔500种股票指数下跌26.98点,收于7592.40点,跌幅为0.35%;纳斯达克综合指数下跌100.10点,收于25366.09点,跌幅为0.39%。
美国芯片制造商英伟达公司12日宣布,公司执行副总裁兼首席财务官克雷斯将出任临时首席执行官。公司联合创始人黄仁勋辞去总裁、首席执行官及董事职务,辞职即刻生效。
这一消息导致英伟达公司股价12日早盘一度暴跌14.35%,多家研究机构下调英伟达公司目标股价,市场人气整体承压。不过,随着市场逐渐消化英伟达人事变动的影响,多家研究机构表示人工智能行业的发展前景依然乐观,英伟达股价跌幅显著收窄,多个芯片企业股价显著上涨。
当天,美国总统特朗普关于美伊谈判前景的表态刺激国际油价显著走高,对市场整体带来利空。他在社交媒体发文说,“我们不需要与伊朗达成任何协议,那些日子早已过去,我们掌握着他们数千亿美元资金,还控制着他们的(霍尔木兹)海峡”。截至当天收盘,纽约商品交易所12月交货的轻质原油期货价格上涨2.21美元,收于每桶88.74美元,涨幅为2.55%;2027年1月交货的伦敦布伦特原油期货价格上涨3.06美元,收于每桶95.82美元,涨幅为3.3%。
芝加哥联邦储备银行行长奥斯坦·古尔斯比表示,通胀未能如预期显著回落,现在处于“危险时刻”。
由于美国通胀持续,市场预期美联储或将进一步收紧货币政策,推动美元走强,美国国债收益率走高,黄金、白银期价12日大幅下跌。纽约商品交易所12月黄金期价当日再次跌破每盎司3900美元,早盘跌幅一度超过3.5%。12月白银期价跌破每盎司50美元,跌幅超过4%。分析人士认为,由于持续通胀迫使美联储维持其紧缩政策倾向,贵金属可能面临进一步的抛售压力。
通胀预期和避险资金需求当天推动美国2年期和10年期国债收益率均大幅上涨超过14个基点,分别收于4.89%和5.13%。(完)
图说1:2025年4月8日,交易员在美国纽约证券交易所交易大厅工作。新华社发(郭克摄)
图说2:这是位于美国加利福尼亚州圣克拉拉市的英伟达总部外景。新华社发
图说3:这是2024年8月12日在美国纽约拍摄的纽约证券交易所交易大厅。新华社记者 刘亚南 摄