
ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ ကျဆင်းလာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် စျေးနှုန်းများအရ သိရသည်။
နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည့် စျေးနှုန်းများမှာ ရန်ကုန်မြို့တွင် 92 Ron တစ်လီတာ ၄၂၇၀ ကျပ်၊ 95 Ron တစ်လီတာ ၄၃၁၅ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၄၃၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာ ၅၃၁၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် 92 Ron တစ်လီတာလျှင် ၂၆၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ၂၃၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၇၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၀၈ ကျပ် ကျဆင်းခဲ့သည်ကို တွေ့ရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီရည်ညွှန်း ဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက် ထုတ်ပြန်ပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းနှင့် ဈေးနှုန်းမမှန်ကန်မှုများရှိပါက ကော်မတီသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။