၁၄.၁၁.၂၀၂၆
Written By Thandar
မြန်မာအနုပညာလောကရဲ့ ထိပ်တန်းစူပါစတားတွေထဲက ရုပ်ရှင်၊ ဂီတ၊ သဘင်က အနုပညာရှင် ၇ ဦးနဲ့အတူ နာမည်ကြီး အနုပညာရှင်တက်ရောက်ခဲ့တဲ့ ကျန်းမာစွာလှပနိုင်စေဖို့အတွက် Apple Aesthetic Clinic ကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ Mingalar Mandalay Hotel မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ နိုင်ငံကျော် အဆိုတော်မျိုးကြီး၊ နိုင်းနိုင်း၊ အကယ်ဒမီနေတိုး၊ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ အေးချမ်းမောင်၊ အောင်ဇမ္ဗူ၊ စမ်းရေမိုး၊ ဥက္ကာမင်းသာတို့စုံတွဲ၊ အဆိုတော်မိုးမိုးတို့စုံတွဲ၊ ဂျိုကာ၊ မိုးယုစံ၊ အကယ်ဒမီခြူးလေး၊ အဆိုတော် မိစန္ဒီ၊ ယဉ်လတ်တို့စုံတွဲ၊ ပိုးကြာဖြူခင်တို့စုံတွဲ၊ မေနွယ်ထွန်း စတဲ့ အနုပညာရှင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။





“ဖူးတို့ရဲ့ Apple Aesthetic Clinic (Mandalay Branch) ရဲ့ Grand Opening ဖွင့်ဖြစ်တာက ချစ်ရတဲ့မန္တလာမြေက ချစ်ပရိသတ်တွေအတွက် ပိုမိုလှပခမ်းနားစေဖို့အတွက်လည်း ပါပါတယ်။ ဖူးတို့ ရန်ကုန်အထိ မလာနိုင်တဲ့ မန္တလေးက ချစ်ပရိသတ်တွေအတွက်လည်း အကောင်းဆုံးဝန်ဆောင်ပေးချင်လို့ ဆေးခန်းကို လာရောက်နိုင်စေဖို့ပါ။ တကယ့် နိုင်ငံတကာက အဆင့်မီတဲ့ စက်ပစ္စည်းတွေနဲ့ အကောင်းဆုံးရှိတာမို့ လာရောက်ဖို့ ဖူးကဖိတ်ခေါ်ချင်ပါတယ်။ အလှအပအတွက်တင်မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ဖို့အတွက်ရော၊ ခေတ်ရေစီးကြောင်းပြောင်းလာတဲ့အပေါ်မှာ ဖူးတို့ အကောင်းဆုံး ကိုယ့်ရဲ့ ချစ်ရသူတွေ တိုက်ရိုက်ထိတွေ့ခွင့် ပေးချင်တာမို့ပါ။ ဘေးအန္တရာယ်ကင်းကင်းနဲ့ လှပကျန်းမာစေဖို့ ဆောင်ရွက်ခဲ့တာမို့ ဖူးတို့ Apple Aesthetic Clinic က ၁၀ စုနှစ်တိုင်ရပ်တည်နိုင်ခဲ့တာပါ”လို့ Apple Aesthetic Clinic ရဲ့ Founder ဒေါက်တာဖူးပွင့်ခိုင်က ပြောပါတယ်။
ဒီဆေးခန်းဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ မန္တလေးသူ၊ မန္တလေးသားများရဲ့ ပင်ကိုယ် သဘာဝအလှတရားကို ပိုမိုထင်းလင်း တောက်ပစေပြီး ယုံကြည်မှုတွေကို မြှင့်တင်ပေးနိုင်ဖို့ Apple Clinic က VIP Special Ticket Promotion အနေနဲ့ Diamond Apple, Gold Apple, Silver Apple အနေနဲ့ရောင်းချပေးခဲ့တာလည်းဖြစ်ပါတယ်။
#မျိုးကြီး #နိုင်းနိုင်း #အကယ်ဒမီနေတိုး #အကယ်ဒမီမြင့်မြတ် #အကယ်ဒမီအေးချမ်းမောင် #အောင်ဇမ္ဗူ #စမ်းရေမိုး #ဥက္ကာမင်းသာ #မိုးမိုး #မိုးယုစံ #အကယ်ဒမီခြူးလေး #အဆိုတော်မိစန္ဒီ #MyoGyi #NineNine #NayToe #MyintMyat #SanYayMoe #AungZabu #AppleAestheticsClinic #AppleClinicMandalay #MyanmarCele #MTEntertainment









