Myanmar National Post

ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ နိုဝင်ဘာ ၁၄

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မြန်မာ့မီးရထား၏ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ Battery Electric Multiple Unit (BEMU) တည် ဆောက်နေမှု၊ ဘက်ထရီလျှပ်စစ်စက်ခေါင်း (Battery Electric Locomotive – BEL) နှင့် ဘက်ထရီ တွဲ တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စက်ရုံအတွင်း ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ် (Battery Electric Locomotive– BEL)၊ ဘက်ထရီလျှပ်စစ်ရထားတွဲဆိုင်း (Battery Electric Multiple Unit - BEMU) တည်ဆောက်နေမှုနှင့် ဘက်ထရီတွဲတည်ဆောက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှစ၍ တည်ဆောက်ပြီးသည့် ဘက်ထရီ လျှပ်စစ်စက်ခေါင်းသစ်များနှင့် ဘက်ထရီ လျှပ်စစ်ရထားတွဲဆိုင်းများကို ယခုအခါ လမ်းပိုင်းများတွင် အသုံးပြုလျက်ရှိကြောင်း၊ ဆက်လက်တည်ဆောက်လျက်ရှိသည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းသစ်များ၊ ဘက်ထရီတွဲများ၏ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကို တာဝန်ရှိသူများ အားလုံးက ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ နေပြည်တော်စက်ခေါင်းစက်ရုံမှ RBE ရထားဖြင့် ရွာတော်ဘူတာ၊ ပျဉ်းမနားဘူတာနှင့် ပြည်ဝင်ဘူတာသို့ သွားရောက်၍ ရထားလမ်းတစ်လျှောက် ဘူတာနယ်နိမိတ်နှင့် ရထားလမ်း ဝဲ /ယာ ခြံစည်းရိုးကာရံခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး၊ ချုံနွယ် များရှင်းလင်းရေး၊ ဘူတာယာဒ်ဝင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အမှိုက်သရိုက်များ စွန့်ပစ်မှုမရှိစေရေးနှင့် ခရီးသွားပြည်သူများ စိတ်ချမ်းသာစွာသွားလာနိုင်ရေးအတွက် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post