Xinhua Myanmar

ဂျေးဆုဒီမီဂယ်သေဆုံးမှုဖြစ်ပွားစေခဲ့သည့်ဖြစ်စဥ်အတွက် အန်ဒိုရာအသင်းဂိုးသမား အိုဝိုနိုကို ၁၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်

မက်ဒရစ်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဒုတိယတန်းလိဂ်ပွဲစဉ်တစ်ခုတွင် တီနီရိဖ်အသင်းတိုက်စစ်မှူး ဂျေးဆုဒီမီဂယ်သေဆုံးရသည်အထိ ဖြစ်စေခဲ့သော ဘောလုံးဖျက်ထုတ်မှုအတွက် အန်ဒိုရာအသင်းဂိုးသမားဂျေးဆုအိုဝိုနိုကို စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က နိုဝင်ဘာ ၁၃ ရက်တွင် ၁၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အဆိုပါပွဲတွင် ပွဲချိန်ပြီးဆုံးခါနီးမိနစ်ပိုင်းအလိုတွင် အိုဝိုနိုကဘောလုံးကိုရှင်းထုတ်ရန် ၎င်း၏ဂိုးဧရိယာအပြင်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်လာခဲ့ရာတွင် တိုက်စစ်မှူးဒီမီဂယ်၏ ရင်ဘတ်ကို ၎င်း၏ဒူးဖြင့်ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အသက် ၃၀ နှစ်အရွယ်ရှိ ဒီမီဂယ်သည် ရုတ်တရက်နှလုံးရပ်တန့်သွားခဲ့ပြီး အသက်ပြန်ရှင်လာစေရန်ကြိုးစားကုသမှုများ ပြုလုပ်ခဲ့ကြသော်လည်း နောက်တစ်ရက်နံနက်ပိုင်းတွင် ဆေးရုံ၌ကွယ်လွန်သွားခဲ့သည်။

RFEF က ပွဲချိန်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့်ဒိုင်လူကြီး၏အစီရင်ခံစာတွင် ရှင်းလင်းစွာဖော်ပြထားသောဖြစ်ရပ်များအပေါ် အခြေခံ၍ စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှုတိုင်းကိုလုပ်ဆောင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။

ဒိုင်လူကြီးမန်နူရယ်အိန်ဂျယ်ပီးရက်ဇ်က အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် အိုဝိုနိုကို ချက်ချင်းတိုက်ရိုက်အနီကတ်ပြကာ ထုတ်ပယ်ခဲ့သည်။ ပွဲအပြီးတင်သွင်းသည့်၎င်း၏အစီရင်ခံစာတွင် ဒိုင်လူကြီးက ယင်းမတော်တဆမှုဖြစ်စဥ်အား ဘောလုံးလုယူမှုပြုလုပ်စဥ် ခြေထောက်မြှောက်၍ အလွန်အမင်းပြင်းထန်သောအားဖြင့် ပြိုင်ဘက်ကစားသမားကို ဝင်တိုက်မိခြင်းဟု ဖော်ပြခဲ့သည်။

RFEF ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက အိုဝိုနို၏လုပ်ရပ်ကို အဖွဲ့ချုပ်၏စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာဥပဒေပုဒ်မ ၁၀၂ အရ ပြင်းထန်သော ချိုးဖောက်မှုတစ်ခုအဖြစ်သတ်မှတ်ခဲ့ကာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ၁၂ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် အိုဝိုနိုက ၎င်း၏လုပ်ရပ်အတွက် တောင်းပန်သည့်ကြေညာချက်တစ်စောင်ကို ကလပ်အသင်းမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

"ဒါတွေက ကျွန်တော့်ရဲ့ဘဝမှာ အခက်ခဲဆုံးနေ့ရက်တွေပါပဲ။ ပြောဖို့စကားလုံးတောင် ရှာဖို့ခက်ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီးလက်ခံနိုင်ဖို့လည်း ကျွန်တော့်အတွက် အလွန်ခက်ခဲနေပါတယ်"

"ဂျေးဆုကွယ်လွန်သွားတဲ့အတွက် ကျွန်တော် သိပ်ကိုနာကျင်ကြေကွဲရပါတယ်။ သူ့အကြောင်း၊ သူ့မိသားစုနဲ့ သူ့ကို ချစ်ခင်မြတ်နိုးကြတဲ့ လူတိုင်းရဲ့အကြောင်းကိုလည်း တွေးမိနေပါတယ်"ဟု အိုနိုဝိုက ရေးသားဖော်ပြထားသည်။

စပိန်ဘောလုံးလောကလည်း ဒီမီဂယ်ကိုဂုဏ်ပြုသောအားဖြင့် ယခင်သီတင်းပတ်ကုန်က ပထမတန်းနှင့် ဒုတိယတန်းလိဂ်များရှိ ဘောလုံးကွင်းအသီးသီးတွင် ကစားခဲ့သည့်ပွဲစဥ်များ၌ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားများကို ပြုလုပ်ခဲ့ကြသည်။  ထို့အပြင် ဒီမီဂယ်၏အတူနေလက်တွဲဖော်နှင့် ၎င်း၏သမီးငယ်လေးကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရန်ပုံငွေရှာဖွေသည့် အကောင့်တစ်ခုကိုလည်း ဖွင့်လှစ်ထားသည်။ (Xinhua)

......................................

(English version)

Andorra goalkeeper Owono banned for 12 matches after Jesus de Miguel death

MADRID, Nov. 14 (Xinhua)

The Spanish Football Federation (RFEF) on Friday handed Andorra goalkeeper Jesus Owono a 12-match suspension for the challenge that led to Tenerife striker Jesus de Miguel's death during a Spanish second-division match between the sides on November 2.

The goalkeeper raced out of his area in the closing minutes of the match to clear a ball but collided with De Miguel, striking the forward in the chest with his knee.

The 30-year-old De Miguel was resuscitated after suffering cardiac arrest but died in hospital the following morning.

The RFEF said that any disciplinary sanction had to be "based on the events which are expressly reported in the referee's report."

The referee, Manuel Angel Perez Hernandez, immediately showed Owono a red card following the challenge. In his post-match report, he described the incident as "impacting brusquely with his raised leg on a rival, with excessive force while the ball was being disputed."

Consequently, the RFEF's disciplinary committee considered Owono's action to constitute a serious infringement under Article 102 of the federation's Disciplinary Code, with the gravity of the incident justifying the maximum sanction of a 12-match suspension.

Following the incident, Owono published a statement through his club apologizing for his actions.

"These are the most difficult days of my life. I struggle to find the words, and it is very hard for me to come to terms with what has happened."

"I feel enormous pain over the loss of Jesus. I think of him, his family, and everyone who loved him," Owono wrote.

Spanish football paid tribute to De Miguel last weekend, with memorial ceremonies held at grounds across the first and second divisions. A fundraising account has also been opened to support his partner and baby daughter. ■

မူရင်းသတင်း — Xinhua Myanmar