
ဒါကာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ဒါကာ ၂၀၂၆ လူငယ်အိုလံပစ်ပြိုင်ပွဲ၏ နောက်ဆုံးနေ့ဖြစ်သော နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသား Break Dance အက အားကစားနည်းပြိုင်ပွဲ ဗိုလ်လုပွဲ၌ Holy Rain ဟု လူသိများသော တရုတ်နိုင်ငံသား B-Boy ချွေးစိန့်ယွီ သည် တရုတ်ထိုင်ပေကစားသမား လျင်ရုန်ယွဲ့ အား ၃-၀ ဖြင့် အနိုင်ရရှိပြီး တရုတ်နိုင်ငံအသင်းအတွက် နောက်ဆုံးရွှေတံဆိပ်ကို ရယူပေးနိုင်ခဲ့သည်။
ဤနိုင်ပွဲနှင့်အတူ တရုတ်နိုင်ငံသည် ရွှေတံဆိပ် ၁၈ ခု၊ ငွေတံဆိပ် ၈ ခု၊ ကြေးတံဆိပ် ၇ ခု၊ စုစုပေါင်းဆုတံဆိပ် ၃၃ ခုဖြင့် ရွှေတံဆိပ်အများဆုံးနှင့် စုစုပေါင်းဆုတံဆိပ်ရရှိမှု အများဆုံးဖြစ်ကာ ထိပ်ဆုံးနေရာ၌ ရပ်တည်၍ ပြိုင်ပွဲကို အဆုံးသတ်နိုင်ခဲ့သည်။
ချွေး သည် နိုဝင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည့် ပဏာမရွေးချယ်မှုအဆင့်မှ စတင်ကာ ၎င်း၏အသာစီးရယူနိုင်မှုကို ပြသနိုင်ခဲ့ပြီး တစ်ကျော့မျှ ရှုံးနိမ့်ခြင်းမရှိဘဲ ရွှေတံဆိပ်ဆုအတွက် ယှဉ်ပြိုင်ရမည့် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။
ဗိုလ်လုပွဲတွင် လျင် နှင့် ယှဉ်ပြိုင်ရင်ဆိုင်ရာ၌ ချွေး သည် ခက်ခဲပြီး အားစိုက်ရသော လှုပ်ရှားမှုများကို တေးဂီတစည်းချက်စီးမျောမှု၊ ကိုယ်ပိုင်ဟန်များနှင့် ၃ ကျော့စလုံး ဟန်ချက်ညီညီ ပေါင်းစပ်ကာ ၃-၀ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ရွှေတံဆိပ်ရရှိပြီးနောက် အသက် ၁၆ နှစ်အရွယ် တရုတ်လူငယ်ပါရမီရှင်သည် ၎င်း၏ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ထိန်းချုပ်၍မရနိုင်လောက်အောင် ဖြစ်ခဲ့သည်။
"ဒီလူငယ်အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် ပြီးခဲ့တဲ့နှစ်တွေမှာ သြစတြေးလျလို နိုင်ငံမျိုးအထိ သွားရောက်ပြီး ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ခဲ့ရသလို၊ ဒါကာကို မလာမီ ၄ လကြာ အပြင်းအထန် လေ့ကျင့်ခဲ့ရပါတယ်" ဟု ၎င်းက ပြောကြားသည်။
"လူငယ်အိုလံပစ်ပြိုင်ပွဲမှာ ထိပ်တန်းပြိုင်ဘက်တွေ အများအပြားပါဝင်ယှဥ်ပြိုင်တဲ့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ အခုလို ရွှေတံဆိပ်ဆွတ်ခူးနိုင်ပြီး ကျွန်တော်တို့နိုင်ငံတော်အလံကို လွှင့်ထူထားတာကို မြင်ရတဲ့အတွက် အလွန်အမင်း ပျော်ရွှင်မိပါတယ်" ဟု ချွေး က ထပ်လောင်းပြောကြားခဲ့သည်။
လက်ရှိ WDSF လူငယ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေသည့် ချွေး က ပြိုင်ပွဲ၏ ရှုံးထွက်အဆင့်ပွဲစဉ်များ ရောက်ရှိမှသာ ၎င်း၏ အခက်ခဲဆုံးလှုပ်ရှားမှုများကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်ရန်အတွက် ပဏာမရွေးချယ်မှုနှင့် ပတ်လည်ယှဉ်ပြိုင်ရသည့် အဆင့်များတွင် ၎င်း၏ ထူးချွန်ဆုံးအကွက်အချို့ကို ချန်လှပ်ထားခဲ့သည်ဟု ဆိုသည်။
"ဗိုလ်လုပွဲမှာ ကိုယ့်ရဲ့ယှဉ်ပြိုင်ဖျော်ဖြေမှုအပေါ် ကျွန်တော် သိပ်ကို အားရကျေနပ်ပါတယ်။ ရွှေတံဆိပ်ရတာမှန်ပေမဲ့ ကောင်းကောင်းမကပြနိုင်ခဲ့ဘူးဆိုရင် ကျွန်တော် တကယ် ပျော်မှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့ပါသည်။ (Xinhua)
…………………
(English version)
China tops Dakar Youth Olympic medal table with final breaking gold
DAKAR, Nov. 13 (Xinhua) -- China's B-Boy Cui Shengyu, also known as Holy Rain, defeated Chinese Taipei's Lin Yong Yue, or Saturn, 3-0 in the men's breaking final on Friday, securing the final gold medal for his delegation as the Dakar 2026 Youth Olympic Games came to a close.
With the victory, China finished atop both the gold and overall medal standings with 33 medals - 18 golds, eight silvers and seven bronzes.
Cui demonstrated his dominance from Thursday's pre-selection onward, cruising into the gold-medal battle without dropping a single round.
Facing Lin in the final, Cui seamlessly combined high-difficulty power moves with musicality and originality across all three rounds to earn a 3-0 win.
The 16-year-old Chinese prodigy could barely contain his excitement after winning gold.
"To earn my spot at these Youth Olympics, I traveled to places like Australia over the past couple of years to compete in qualifying events, and then spent four months training before coming to Dakar," he said.
"The Youth Olympics is a rare opportunity with so many top competitors. I'm thrilled to win the gold medal and see our national flag raised here," Cui added.
Currently topping the WDSF Youth World Ranking, Cui said he held back some of his signature tricks during the pre-selection and round-robin stages so he could unleash his hardest moves in the knockout phase.
"I'm really satisfied with my performance in the final. Even if I won the gold medal, I wouldn't be truly happy if I didn't dance well enough," he added.