Xinhua Myanmar

ရီးရဲလ်မက်ဒရစ်အသင်းက လူငယ်ကစားသမားဗီတာအိုကို ခေါ်ယူရန် စိတ်ဝင်စားနေ

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင်ကစားခဲ့သည့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့၏ လာလီဂါပွဲတွင် ကီလီယန်အမ်ဘာပေ (ယာဘက် ဒုတိယ) က ဒုတိယဂိုး သွင်းယူပြီးနောက် အောင်ပွဲခံနေကြသည့် ရီးရဲလ်မက်ဒရစ် ကစားသမားများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဘရာဇီး လူငယ်ကစားသမား ဗီတာအိုကို ခေါ်ယူရန် ကြိုးစားနေသည့်အသင်းများထဲတွင် ရီးရဲလ်မက်ဒရစ်အသင်းလည်း ပါဝင်လာကြောင်း  ဘရာဇီးနိုင်ငံမီဒီယာများစွာက ဖော်ပြခဲ့သည်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးသည့် ဗီတာအို မှာ ယခုရာသီ ဘရာဇီးစီးရီးအေတွင် အက်သလက်တီကို မင်နဲရိုးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပထမအသင်းကြီးအတွက် ၁၈ ပွဲ ကစားထားကာ ပုံမှန်ပွဲထွက်ကစားသမားအဖြစ် တည်ဆောက်နိုင်ခဲ့သူဖြစ်သည်။

အဆိုပါ ဗဟိုခံစစ်မှူးလေးအတွက် ရီးရဲလ်မက်ဒရစ်က စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေသော်လည်း ၎င်းကိုခေါ်ယူနိုင်ရေးအတွက်မူ ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် ဘရိုက်တန်၊ အဲဗာတန်တို့နှင့် ယှဥ်ပြိုင်ခေါ်ယူရဖွယ်ရှိသည်ဟု R7 သတင်းမီဒီယာက နိုဝင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

အက်သလက်တီကို မင်နဲရိုးအသင်းကလည်း အဆိုပါနောက်ခံကစားသမားလေး၏ အသင်းမှထွက်ခွာနိုင်သည့် စာချုပ်ဖျက်သိမ်းကြေးကို ယူရို သန်း ၂၀ အဖြစ် ထည့်သွင်းချုပ်ဆိုသတ်မှတ်ထားသည်။

ဗီတာအိုမှာ ဘရာဇီး လူငယ်​လက်ရွေးစင်အသင်းများတွင် ကိုယ်စားပြု ကစားခဲ့ဖူးသူလည်းဖြစ်​ပြီး လေထဲမှ ဘောလုံးများကို ကိုင်တွယ်ကစားရာတွင် ထူးချွန်မှုနှင့် နည်းစနစ် အရည်အသွေးမြင့်မားခြင်းတို့ကြောင့် ချီးကျူးခံထားရသူလည်း ဖြစ်သည်။  (Xinhua)

...........................................

(English version)

Real Madrid eyes move for teenager Vitao

RIO DE JANEIRO, Nov. 14 (Xinhua)

Real Madrid has joined the race to sign Brazilian teenager Vitao, according to widespread media reports in the South American country.

The 18-year-old has impressed for Atletico Mineiro in Brazil's Serie A this season, making 18 first-team appearances and establishing himself as a regular starter.

Real Madrid has made inquiries about the center-back but faces competition for his signature from Premier League clubs Brighton and Everton, news outlet R7 reported on Friday.

It added that Atletico Mineiro had included a 20-million-euro release clause in the defender's contract.

Vitao, who has represented Brazil at youth level, has been praised for his aerial prowess and high technical quality. ■

Photo caption: Real Madrid CF's players celebrate the second goal of Kylian Mbappe (2nd R) during the La Liga football match between FC Barcelona and Real Madrid CF in Barcelona, Spain, on Oct. 25, 2026. (Photo by Joan Gosa/Xinhua)

မူရင်းသတင်း — Xinhua Myanmar