Kanbawza Tai News

ယနေ့အတွက် သတင်းများ | 14-11-2026

❏ ကြက်သွန်နီဈေး ၃၀၀၀ နီးပါးတက်

ရှမ်းပြည်နယ်တောင်ပိုင်း စားသုံးသူဈေးကွက်တွင် ရက်သတ္တပတ် တစ်ပတ်အတွင်း ကြက်သွန်နီဈေး တစ်ပိဿာ ၃၀၀၀ ကျပ် နီးပါး ဈေးတက်လာပြီး ကြက်သွန်နီ အလုံးကြီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ နီးပါး ဈေးရှိနေကြောင်း သိရသည်။

❏ တန်ဆောင်တိုင်ကာလအတွင်း တောင်ကြီး-ပေါမူ အပျော်စီးရထား ပြေးဆွဲမည်

တောင်ကြီးမြို့၏ အထင်ကရပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ခရီးသွားပြည်သူများ အပန်းဖြေ ခရီးသွားလာနိုင်ရန်အတွက် တောင်ကြီး-ပေါမူ အပျော်စီး ရှုခင်းကြည့်ရထားကို နိုဝင်ဘာလ ၁၆ ရက်မှ စတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

❏ တောင်ကြီး အထက (၁) ကျောင်းအနီးတွင် လမ်းအပေါက်ဖြစ်ပေါ်နေ

တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမြောက်ဘက်၊ ဘုရင့်နောင်လမ်းပေါ်တွင် ရေမြောင်းဖုံး ပြိုကျပြီး လမ်းအပေါက် ဖြစ်ပေါ်နေသည့်အတွက် သတိထားသွားလာရန် လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။

မူရင်းသတင်း — Kanbawza Tai News