NP News

စမ်းချောင်းတွင် စိတ်ကျန်းမာရေးမကောင်းသူဟုယူဆရသော အမျိုးသမီးကြီး(၁)ဦး တိုက်ခန်း(၆)လွှာအမြင့်မှ ခုန် ချသေဆုံး

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူဟုယူဆရသော အမျိုးသမီးကြီး(၁)ဦး တိုက်ခန်း(၆)လွှာအမြင့်မှ ခုန်ချသေဆုံးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၁၅ ရက်)၊ နံနက်(၇)နာရီခန့်က စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့‌ကြောင်း သိရသည်။

“လိုက်သွားတဲ့သူက အခုဆေးရုံမှာပဲရှိသေးတာ။ ကျွန်တော်တို့က အချက်အလက်က မသိသေးဘူး။ သူပြန်လာမှ သိမှာ။ ကျွန်တော်တို့ တင်ထားတဲ့ဟာကိုပဲ ရေးလို့ရပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းအား အနာဂတ်အလင်းတန်းပရဟိတအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖြစ်စဉ်နှင့်ပတ်သက်၍အသေးစိတ်သိရှိနိုင်ရန် သက်ဆိုင်ရာမှ စစ်ဆေးစုံစမ်းလျက်ရှိကြောင်းလည်း သိရသည်။

မူရင်းသတင်း — NP News