NP News

ထားဝယ်တွင် ငွေကျပ်သိန်း(၆ဝဝဝ)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ငွေကျပ်သိန်း(၆ဝဝဝ)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများသိမ်းဆည်းမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့်(နိုဝင်ဘာ ၁၃ ရက်)၊ နံနက်(၉)နာရီ(၁၅)မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ မြို့ပတ်လမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာ‌ဖွေစဉ် ထက်နိုင်စိုး မောင်းနှင်ပြီး မသိမ်မွေ့မိုး လိုက်ပါလာသော KLUGER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေစဉ် ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် (၅၉၈၅ ဒသမ ၉၆)သိန်း တန်ဖိုးရှိသော စိတ်ကြွဆေးပြား (၁၉၉,၅၃၂) ပြားနှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား သိုဝှက်သယ်ဆောင်လာသည့် အသက်(၂၉)နှစ်အရွယ် ထက်နိုင်စိုးနှင့် အသက်(၂၆)နှစ်အရွယ် မသိမ်မွေ့မိုးတို့အား ထားဝယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ(၄)နာရီခွဲခန့်က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဗူးခါးကျေးရွာအနီး၊ ကျောက်မဲ - သီပေါသွားကားလမ်းတွင် ငွေကျပ်သိန်း(၁၁၀)တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

zawgyi version

ထားဝယ္တြင္ ေငြက်ပ္သိန္း(၆ဝဝဝ)နီးပါးတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းမိ

ထိုက္စံ(NP News)-ႏိုဝင္ဘာ ၁၅

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕တြင္ ေငြက်ပ္သိန္း(၆ဝဝဝ)နီးပါးတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားသိမ္းဆည္းမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ၿပီးခဲ့သည့္(ႏိုဝင္ဘာ ၁၃ ရက္)၊ နံနက္(၉)နာရီ(၁၅)မိနစ္ခန႔္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ ထားဝယ္ၿမိဳ႕၊ ေဗ်ာေတာဝရပ္ကြက္၊ ၿမိဳ႕ပတ္လမ္းတြင္ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးရွာ‌ေဖြစဥ္ ထက္ႏိုင္စိုး ေမာင္းႏွင္ၿပီး မသိမ္ေမြ႕မိုး လိုက္ပါလာေသာ KLUGER အမ်ိဳးအစား ေမာ္ေတာ္ယာဥ္အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြစဥ္ ယာဥ္ေပၚတြင္ သိုဝွက္သယ္ေဆာင္လာသည့္ ေဒသကာလတန္ဖိုးေငြက်ပ္ (၅၉၈၅ ဒသမ ၉၆)သိန္း တန္ဖိုးရွိေသာ စိတ္ႂကြေဆးျပား (၁၉၉,၅၃၂) ျပားႏွင့္ လက္ကိုင္ဖုန္း (၂) လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ားအား သိုဝွက္သယ္ေဆာင္လာသည့္ အသက္(၂၉)ႏွစ္အ႐ြယ္ ထက္ႏိုင္စိုးႏွင့္ အသက္(၂၆)ႏွစ္အ႐ြယ္ မသိမ္ေမြ႕မိုးတို႔အား ထားဝယ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ယင္းေန႔ ညေန(၄)နာရီခြဲခန႔္က ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕နယ္၊ ဗူးခါးေက်း႐ြာအနီး၊ ေက်ာက္မဲ - သီေပါသြားကားလမ္းတြင္ ေငြက်ပ္သိန္း(၁၁၀)တန္ဖိုးရွိေသာ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းမိခဲ့ေၾကာင္း သိရသည္။

မူရင်းသတင်း — NP News