ဒေါက်တာဇင်ဇေယျာဝင်း
စူပါအယ်လ်နီညိုနှင့် ရေရှားပါးမှု
ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာ့အပူချိန်မြင့်တက်လာမှုတို့ကြောင့် မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ အပူချိန်လွန်ကဲခြင်းနှင့် မိုးခေါင်ရေရှားမှုများကို နေရာဒေသအလိုက် ပိုမိုကြုံတွေ့လာရသည်။ အယ်လ်နီညို (El Niño) သည် အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်ပုံမှန်ထက် မြင့်တက်လာသည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သည်။
“စူပါအယ်လ်နီညို” ဟူသောအသုံးအနှုန်းသည် အလွန်ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ်များကို ရည်ညွှန်းသည်။ အယ်လ်နီညို၏ သက်ရောက်မှုသည် ဒေသအလိုက် ကွဲပြားနိုင်သော်လည်း အချို့ဒေသများတွင် အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုလျော့နည်းခြင်းနှင့် မိုးခေါင်ခြင်းတို့ဖြစ်ပေါ်နိုင်သည်။ ထိုအခါ သောက်သုံးရေ၊ အိမ်သုံးရေနှင့် စိုက်ပျိုးရေးသုံးရေလိုအပ်ချက်များမြင့်တက်လာပြီး မြစ်၊ ချောင်း၊ ကန်နှင့် မြေအောက်ရေအရင်းအမြစ်များအပေါ် ထိခိုက်မှုများပြားလာ နိုင်သည်။ ထို့ကြောင့် ရေရှားပါးမှုကြုံရမှသာ ရေချွေတာခြင်းမဟုတ်ဘဲ ရေရှိစဉ်ကတည်းက စနစ်တကျချွေတာသုံးစွဲတတ်ရန် လိုအပ်ပါသည်။
လိုအပ်သလောက် သုံးပါ
နေ့စဉ်အသုံးပြုသည့် ရေပမာဏကို သတိပြုဆင်ခြင်ပြီး လိုအပ်သလောက်သာ သုံးစွဲခြင်းဖြင့် ရေအလေအလွင့်များကို ထိရောက်စွာ လျှော့ချနိုင်သည်။ အိမ်တွင်အသုံးပြုသည့် သောက်ရေ၊ သုံးရေခွက်များကိုလည်း လက်တွေ့အသုံးဝင်ပြီး လိုအပ်သည့် ပမာဏနှင့် သင့်လျော်သောအရွယ်အစားများကိုသာ ရွေးချယ်ထားသင့်သည်။ သောက်ရေသောက်သည့်အခါ ခွက်ထဲသို့ တစ်ကြိမ်တည်း ရေအပြည့်ထည့်ခြင်းထက် မိမိသောက်နိုင်သည့်ပမာဏကိုသာ ထည့်ယူသောက်သုံးသင့်သည်။ ထို့အပြင် သွားတိုက်ခြင်း၊ မျက်နှာသစ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်းနှင့် ပန်းကန်ဆေးခြင်းတို့ ပြုလုပ်နေစဉ် ရေပိုက်ခေါင်းကို အချိန်ပြည့် ဖွင့်ထားမည့်အစား လိုအပ်သည့်အချိန်မှသာ ဖွင့်သုံးခြင်း၊ အသုံးပြုပြီးသည်နှင့် ချက်ချင်းပိတ်ခြင်းတို့ကို ကျင့်သုံးသင့်သည်။ ရေချိုးသည့်အခါတွင်လည်း မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ ရေဖွင့်ထားခြင်းကို ရှောင်ကြဉ် ပြီး ရေချိုးချိန်ကို သင့်တင့်မျှတစွာ လျှော့ချသင့်ပါသည်။
မီးဖိုချောင်တွင် ရေအလေအလွင့် လျှော့ချပါ
ပန်းကန်ဆေးခြင်းနှင့် အစားအစာပြင်ဆင်ခြင်းလုပ်ငန်းများတွင်လည်း ရေကို စနစ်တကျ အသုံးပြုခြင်းဖြင့် ရေအလေအလွင့်ကို သိသိသာသာ လျှော့ချနိုင်သည်။ ပန်းကန်ဆေးရာတွင် ရေပိုက်ကို ဆက်တိုက်ဖွင့်ထားမည့်အစား ဇလုံ သို့မဟုတ် ရေခံခွက်ထဲတွင် ဆေးကြောခြင်းက ရေကိုပိုမိုချွေတာနိုင်သည်။ ပန်းကန်များကိုမဆေးမီ အစားအစာအကြွင်းအကျန်များကို ဖယ်ရှားထားခြင်းဖြင့်လည်း ရေသုံးစွဲမှုလျော့နည်းစေသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို ဆေးကြောရာတွင် ရေပိုက်မှ ရေကိုဆက်တိုက်စီးဆင်းစေမည့်အစား ရေဇလုံထဲတွင် စိမ်၍ဆေးကြောခြင်းက ပိုမိုသင့်လျော်သည်။ အဝတ်လျှော်ရာတွင်လည်း အဝတ်အနည်းငယ်စီ ခဏခဏလျှော်ခြင်းထက် စုပြီးမှလျှော်ခြင်း၊ အဝတ်ပမာဏနှင့်ကိုက်ညီသော ရေပမာဏကို အသုံးပြုခြင်းတို့ ပြုလုပ် သင့်ပါသည်။ ထို့အပြင် အေးခဲထားသော အသား၊ ငါးများကိုအရည်ပျော်စေရန် ရေပိုက်အောက်တွင် အချိန်ကြာမြင့်စွာထားခြင်းကို ရှောင်ကြဉ်ပြီး ရေခဲသေတ္တာအတွင်း ကြိုတင်ရွှေ့ပြောင်းထားကာ အရည်ပျော်စေ ခြင်းသည် ရေကိုချွေတာနိုင်သည့်အပြင် အစားအစာဘေးကင်းလုံခြုံမှုကိုလည်း ပိုမိုထိန်းသိမ်းနိုင်သည်။
အသုံးပြုပြီးရေကို ပြန်လည်အသုံးချပါ
ရေကို တစ်ကြိမ်အသုံးပြုပြီးတိုင်း စွန့်ပစ်မည့်အစား သင့်လျော်သည့် လုပ်ငန်းများတွင် ပြန်လည်အသုံးပြုခြင်းဖြင့် ရေသုံးစွဲမှုကို ပိုမိုလျှော့ချနိုင်သည်။ ဥပမာအားဖြင့် ဆန်ဆေးရေကို ကြမ်းတိုက်ခြင်းနှင့် အခြားသင့်လျော်သော သန့်ရှင်းရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ဆေးကြောပြီးရေကိုလည်း အပင်ရေလောင်းရန် ပြန်လည်အသုံးပြုနိုင်သည်။ အဝတ်လျှော်ပြီးရေကိုမူ အိမ်သာရေဆွဲခြင်း၊ ပြင်ပကြမ်းခင်းဆေးကြောခြင်းကဲ့သို့ သင့်လျော်သောလုပ်ငန်းများတွင်သာ အသုံးပြုသင့်ပါသည်။ သို့သော် ရေအားလုံးကို ခွဲခြားမှုမရှိဘဲ ပြန်လည်အသုံးပြုရန်မသင့်ပါ။
ပြန်လည်အသုံးပြုမည့်ရေများကို သောက်သုံးရေနှင့် သီးခြားခွဲထားပြီး သန့်ရှင်းသောပုံးများတွင်သာ သိမ်းဆည်းရန်နှင့် အချိန်ကြာ မြင့်စွာမထားရှိရန် ဂရုပြုရမည်။ အထူးသဖြင့် ဆပ်ပြာ၊ ဆီနှင့် ဓာတု ပစ္စည်းများပါဝင်သောရေများကို စားသုံးသီးနှံများတွင် တိုက်ရိုက် မလောင်းသင့်ပေ။ ထို့ကြောင့် ရေကို ပြန်လည်အသုံးပြုရာတွင် ချွေတာရေးတစ်ခုတည်းကိုသာ ဦးစားမပေးဘဲ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရေးကိုပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။
မိုးရေကိုစုဆောင်းပါ
မိုးရာသီတွင် အိမ်ခေါင်မိုးနှင့် အမိုးအကာများမှ စီးကျလာသော မိုးရေကို စနစ်တကျစုဆောင်းသိုလှောင်ခြင်းသည် ရေချွေတာနိုင်သည့်အပြင် နွေရာသီနှင့် ရေရှားပါးသည့်ကာလများအတွက် အရန်ရေ အရင်းအမြစ်တစ်ခုလည်း ဖြစ်လာနိုင်သည်။ ထိုသို့စုဆောင်းရာတွင် ခေါင်မိုးပေါ်ရှိ ဖုန်မှုန့်၊ သစ်ရွက်နှင့် အခြားအညစ်အကြေးများပါဝင်နိုင်သဖြင့် ပထမဆုံးစီးကျလာသောမိုးရေကို စွန့်ပစ်ပြီးနောက် သန့်ရှင်းသောစည်ပိုင်း သို့မဟုတ် ရေသိုလှောင်ကန်များတွင် စုဆောင်းသင့်သည်။
စုဆောင်းထားသော မိုးရေကို အပင်ရေလောင်းခြင်း၊ ကြမ်းတိုက်ခြင်း၊ အိမ်ဝန်းကျင်သန့်ရှင်းရေးနှင့် အခြားလုပ်ငန်းများတွင် အသုံးပြုနိုင်သည်။ ရေသိုလှောင်သည့်ကန်နှင့် ပုံးများကို အဖုံးလုံခြုံစွာ ဖုံးအုပ် ထားခြင်း၊ ရေဝင်ပေါက်များတွင် ဆန်ခါတပ်ဆင်ခြင်းနှင့် ပုံမှန်သန့်ရှင်း ရေးပြုလုပ်ခြင်းတို့ဖြင့် အမှိုက်အညစ်အကြေးများ ဝင်ရောက်မှု၊ ခြင်ပေါက်ပွားမှုနှင့် ရေညစ်ညမ်းမှုတို့ကို ကာကွယ်နိုင်သည်။ အကယ်၍ မိုးရေကို သောက်သုံးရန် သို့မဟုတ် အစားအစာပြင်ဆင်ရန် အသုံးပြုလိုပါက ရေစစ်ကာ ကျိုချက်ပြီးမှသာ အသုံးပြုသင့်ပါသည်။
စားသောက်ဆိုင်များနှင့် လုပ်ငန်းခွင်များတွင်လည်း ရေချွေတာပါ
စားသောက်ဆိုင်များတွင် လိုအပ်သည်ထက် အရွယ်အစားကြီး သောရေခွက်များဖြင့် အမြဲဖြည့်ပေးခြင်းထက် သင့်တော်သည့်ပမာဏကိုသာပေးခြင်း၊ ထပ်မံလိုအပ်မှ ဖြည့်ပေးခြင်းတို့ ပြုလုပ်နိုင်သည်။ ဟင်းသီးဟင်းရွက်နှင့် အသားများကိုဆေးကြောရာတွင်လည်း ရေပိုက်ကို အဆက်မပြတ်ဖွင့်ထားခြင်းထက် ရေဇလုံကို အသုံးပြုသင့်ပါသည်။ ရုံး၊ စက်ရုံ၊ ဆေးရုံ၊ ကျောင်းနှင့် ဟိုတယ်များတွင် ရေပိုက်ယိုစိမ့်မှုကို ပုံမှန်စစ်ဆေးပြုပြင်ခြင်း၊ ကြမ်းပြင်နှင့် လမ်းများကိုရေပိုက်ဖြင့် ဆေးကြောမည့်အစား တံမြက်စည်းလှည်းခြင်းနှင့် ကြမ်းတိုက်ခြင်းတို့ ပြုလုပ်နိုင်သည်။ အပင်များကိုလည်း နံနက်စောစော သို့မဟုတ် ညနေပိုင်းတွင် ရေလောင်းခြင်းဖြင့် ရေငွေ့ပြန်ဆုံးရှုံးမှုကို လျှော့ချနိုင်သည်။ လစဉ်ရေသုံးစွဲမှုပမာဏကို မှတ်တမ်းတင်ထားခြင်းဖြင့် ပုံမှန်မဟုတ်သော ရေသုံးစွဲမှုနှင့် ယိုစိမ့်မှုများကို အချိန်မီသိရှိစေနိုင်သည်။
ရေပိုက်ယိုစိမ့်မှုကို အမြန်ဆုံးပြုပြင်ပါ
ရေကို ချွေတာထိန်းသိမ်းရာတွင် အသုံးပြုမှုကိုလျှော့ချခြင်းသာမက ရေအလေအလွင့်ဖြစ်စေသည့် ယိုစိမ့်မှုများကိုလည်း အချိန်မီကာကွယ်ပြုပြင်ရန် အရေးကြီးသည်။ ရေပိုက်ခေါင်းမှ တစ်စက်ချင်း စီးကျနေခြင်းသည် အနည်းငယ်သာဆုံးရှုံးသည်ဟု ထင်ရသော်လည်း နေ့စဉ်နှင့်အမျှ အချိန်ကြာမြင့်စွာ ဖြစ်ပွားနေပါက ရေပမာဏများစွာ ဆုံးရှုံးစေနိုင်သည်။ ထို့ကြောင့် အိမ်ရှိ ရေပိုက်ခေါင်းများ၊ အိမ်သာရေတိုင်ကီများ၊ ရေပိုက်ဆက်စပ်ပစ္စည်းများနှင့် မြေအောက်ရေ ပိုက်လိုင်းများတွင် ယိုစိမ့်မှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးပြီး တွေ့ရှိပါက ချက်ချင်းပြုပြင်သင့်ပါသည်။
အထူးသဖြင့် ရေအသုံးမပြုဘဲ ပိုက်ခေါင်းအားလုံး ပိတ်ထားသည့် အချိန်တွင် ရေမီတာကို စစ်ဆေးခြင်းဖြင့် မမြင်နိုင်သော ပိုက်လိုင်းယိုစိမ့် မှုများကိုလည်း ရှာဖွေဖော်ထုတ်နိုင်သည်။ ထို့အပြင် အများသုံး ရေပိုက်လိုင်းများနှင့် လမ်းဘေးရေပိုက်ခေါင်းများတွင် ယိုစိမ့်မှုတွေ့ရှိပါက သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့သို့ အချိန်မီအကြောင်းကြား သင့်ပါသည်။ သေးငယ်သောယိုစိမ့်မှုတစ်ခုကို အချိန်မီပြုပြင်ခြင်းသည် ရေဆုံးရှုံးမှုကို ကာကွယ်နိုင်ရုံသာမက ရေဖိုးကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်သည့်အတွက် အိမ်ထောင်စုတိုင်းနှင့် လူမှုအသိုက်အဝန်း တိုင်းက အလေးထားဆောင်ရွက်သင့်ပါသည်။
ရေတစ်စက်ချင်းစီကိုတန်ဖိုးထားပါ
ရေချွေတာရေးသည် မိုးခေါင်ရေရှားချိန်မှသာ လုပ်ဆောင်ရမည့် ကိစ္စမဟုတ်ဘဲ နေ့စဉ်ဘဝတွင် အလေ့အကျင့်တစ်ခုအဖြစ် တည်ဆောက်ထားရမည့် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည်။ လူတစ်ဦးချင်းစီ ၏ချွေတာမှုသည် သေးငယ်သည်ဟု ထင်ရသော်လည်း မိသားစု၊ ရပ်ရွာနှင့် နိုင်ငံအဆင့်တွင် စုပေါင်းလိုက်ပါက ရေပမာဏများစွာကို ထိန်းသိမ်းနိုင်သည်။ ထို့အပြင် ရေကိုစုပ်ယူခြင်း၊ သန့်စင်ခြင်းနှင့် ဖြန့်ဝေခြင်းတို့အတွက် လိုအပ်သောစွမ်းအင်နှင့် ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်သည်။
အယ်လ်နီညိုကဲ့သို့ ရာသီဥတုဖြစ်စဉ်များ၏သက်ရောက်မှုကို အပြည့်အဝတားဆီး၍ မရနိုင်သော်လည်း ရေကိုစနစ်တကျ စီမံသုံးစွဲခြင်းဖြင့် ရေရှားပါးမှုဒဏ်ကို လျှော့ချနိုင်သည်။ ထို့ကြောင့် “ရေပြတ်မှ ရေချွေတာမည်” ဟူသောအတွေးအခေါ်ထက် “ရေရှိစဉ်ကတည်းက ရေချွေတာမည်၊ ရေတစ်စက်ကိုပင် တန်ဖိုးထားမည်” ဟူသော စိတ်ဓာတ်ကို လူတိုင်းလက်တွေ့ကျင့်သုံးကြပါရန် လေးစားစွာအသိပေး တိုက်တွန်းအပ်ပါသည်။ ။