Xinhua Myanmar

တရုတ်နိုင်ငံတွင် ဥဒေါင်း အကောင်ရေ ၅၀၀ အောက်မှ အကောင်ရေ ၁,၀၀၀ ကျော်အထိ တိုးမြင့်လာ

ယူနန်ပြည်နယ်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဥဒေါင်းစိမ်းသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ဇာတိရင်းမြစ် ဒေါင်းမျိုးစိတ် ဖြစ်သည်။ တရုတ်နိုင်ငံ အမျိုးသား သစ်တောနှင့် မြက်ခင်းပြင်စီမံခန့်ခွဲရေးဌာနက ၂၀၂၆ ခုနှစ်တွင် ထုတ်ပြန်သော နောက်ဆုံးစာရင်းအင်းအရ တရုတ်နိုင်ငံ ဥဒေါင်း အကောင်ရေသည် ၁,၀၀၀ ကျော်အထိ တိုးမြင့်လာခဲ့သည်။

“ဥဒေါင်း ဌာနေဥယျာဉ်” ဟု တင်စားခေါ်ဝေါ်သော ယူနန်ပြည်နယ် ချူရှုန် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ စွမ်းပိုင်ခရိုင်တွင် ဥဒေါင်း အကောင်ရေ ၆၂၀ ကျော် ရှိပြီး တစ်နိုင်ငံလုံး စုစုပေါင်း၏ ထက်ဝက်ကျော် ရှိသည်။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၂၀ က စွမ်းပိုင်ခရိုင်တွင် ဥဒေါင်းငှက် အကောင်ရေ ၅၀ အောက်သာ ကျန်ရှိခဲ့သည်။ (Xinhua)

မူရင်းသတင်း — Xinhua Myanmar