NP News

နိုဝင်ဘာ (၁၉)တွင်အမိန့်ချမည့် ပွဲစားဂမ်ဘီယာ၏ ICJ အမှု မြန်မာတို့ဂရုစိုက်ရန် လို/မလို

သုတကျော် (NP News) - နိုဝင်ဘာ ၁၆

အာဖရိကတိုက်အတွင်းက မြစ်ကမ်းနှစ်ဖက်ကို နိုင်ငံပြုထားသော ဂမ်ဘီယာက အပြည်ပြည် ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားသောအချက်ကို လာမည့်နိုဝင်ဘာလ(၁၉)ရက်တွင် အမိန့် ချတော့မည်ဖြစ်သည်။
တရားစွဲဆိုရာတွင် (၁၉၄၈)ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Genocide Convention) ကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံကို စွဲဆိုထားခြင်းဖြစ်သည်။ နိုဝင်ဘာလ (၁၉)ရက်တွင် အပြီးသတ်စီရင်ချက်ချပြီးနောက် ယင်းကို အယူခံဝင် ပိုင်ခွင့်ရှိမည်မဟုတ်ဘဲ တရားရုံးလုပ်ငန်းစဉ်များအားလုံးလည်း ပြီးဆုံးသွားမည်ဖြစ်သည်။
ဂမ်ဘီယာဘက်ကတရားစွဲဆိုရာတွင် (၂၀၁၆-၂၀၁၇)ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများမှာ လူမျိုးသုဉ်းစေမှုဖြစ်သည်ဟူသောစွပ်စွဲချက်များကိုသာ အဓိက အသားပေးဖော်ပြခဲ့ကြောင်းမြင်ရသည်။ သို့သော် ARSA အကြမ်းဖက်အဖွဲ့၏တိုက်ခိုက်မှုကို တုံ့ပြန်ခဲ့ ခြင်းဖြစ်ကြောင်းနှင့် ARSA ခြိမ်းခြောက်မှုများအကြောင်းကို လျှော့ပေါ့ထားသည်။
ထူးခြားချက်မှာ ဂမ်ဘီယာအနေဖြင့် မူလက ကျေးရွာပေါင်းရာချီဟုဆိုခဲ့သော်လည်း မြန်မာဘက် ကချေပသောအခါ စကားပြောင်းသွားပြီး မင်းကြီး၊ ချွတ်ပြင်နှင့်မောင်နု ကျေးရွာ(၃)ရွာကိုသာ အဓိက ထား စွပ်စွဲခဲ့သည်။ ထို့ပြင် ဂမ်ဘီယာဘက်ကတင်သော သတ်သေအားလုံးနီးပါးမှာ ARSA အကြောင်းကို မဟခဲ့ကြပေ။ မြန်မာတစ်နိုင်ငံလုံးသိသော ARSA ကို ဂမ်ဘီယာတင်သွင်းသောသက်သေတို့က မသိခြင်း ပေလောဟု မေးခွန်းထုတ်ဖွယ်ဖြစ်လာသည်။
အချက်အလက်များအားလုံးကိုခြုံကြည့်လျှင် ဂမ်ဘီယာကတရားစွဲသော်လည်း တိကျသည့်သက် သေများကို ဖော်ပြနိုင်ခြင်းမရှိ။ သက်သေထွက်ခဲ့ကြသူအားလုံးမှာလည်း အမည်မဖော်လိုသူများသာဖြစ် ကြောင်းမြင်ရပြီး စွပ်စွဲပြောဆိုထားချက်များမှာလည်း စိစစ်ထားခြင်းမရှိပေ။ တရားစွဲဆိုရင်း တစ်ဖက် တွင် ရိုဟင်ဂျာဆိုသောအမည်ကို တရားဝင်သတ်မှတ်ရန် ICJ တွင် ဂမ်ဘီယာကကြိုးစားလာသည်။
ရခိုင်မှ ဘင်္ဂါလီများ အစုလိုက်အပြုံလိုက်ထွက်ခွာစဉ်က တာဝန်ရှိသူများအနေဖြင့် နယ်စပ်တွင် မေတ္တာရပ်ခံ တားမြစ်ခဲ့ကြသေးသည်။ သို့သော် သည်ယုန်မြင်၍သည်ချုံထွင်သော ဘင်္ဂါလီ ခေါင်းဆောင် တို့ကြောင့် တားမရ။ ထို့ပြင် ဟိန္ဒူမိသားစုများသည်ပင် ပါဝင်သွားခဲ့ပြီး ၎င်းတို့က မြန်မာနိုင်ငံအတွင်းသို့ ပြန်လိုသည်ဆိုသည့်တိုင် ပြန်ခွင့်မပေးသေးပေ။ ပထမဦးစွာ စကားလုံး အငြင်းပွားဖွယ်ဖြစ်သည့် ရိုဟင် ဂျာဆိုသော အသုံးအနှုန်းကိုပြောရပါမည်။ ကိုလိုနီခေတ်က ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော ဒေသသို့ ထိုစဉ်က ဘင်္ဂလားနယ်မှဘင်္ဂါလီ လယ်လုပ်သားများကိုခေါ်ယူပြီး လယ်ယာလုပ်ငန်းလုပ်ကိုင် ရန် အားပေးခဲ့သည်။ ယင်းလယ်သမားတို့သည် အစပိုင်းတွင် ရိတ်သိမ်းချိန် အပြီးပြန်ကြသော်လည်း နောက်ပိုင်းတွင် ရေရှည်နေထိုင်ခဲ့ကြသည်။ ထိုမှတစ်ဆင့် လူဦးရေပွားများလာခြင်းဖြစ်ကြောင်းသိရပြီး အင်္ဂလိပ်ကိုလိုနီခေတ်တွင် ရိုဟင်ဂျာအခေါ်မရှိကြောင်း လူမျိုးရေးရာပညာရှင်တစ်ဦးကဆိုသည်။
“အင်္ဂလိပ်ခေတ်မှာ ရိုဟင်ဂျာ လုံးဝမရှိဘူး။ အင်္ဂလိပ်ခေတ်သန်းခေါင်စာရင်း ခုနစ်ခုလုံးကို ဖတ် ပြီးသွားပြီ။ (၁၈၇၂ ကနေ ၁၉၃၁)အထိ သန်းခေါင်စာရင်း ခုနစ်ခုရှိတယ်။ အဲဒီမှာ ရိုဟင်ဂျာနယ်ဆိုတာ လုံးဝမရှိဘူး”ဟု ၎င်းကဆိုသည်။ အင်္ဂလိပ်ကိုလိုနီခေတ်က ထုတ်ပြန်သောပြန်တမ်းများတွင်လည်း ရိုဟင် ဂျာလူမျိုးဟု ပါဝင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။
“အရင်က ကိုလိုနီခေတ်က မြန်မာက အိန္ဒိယ လက်အောက် ပေါင်းအုပ်ချုပ်ခံရတော့ အိန္ဒိယရဲ့ ဘာသာဗေဒစစ်တမ်းမှာ ရိုဟင်ဂျာဆိုတာ လုံးဝမပါတာ။ ဒါကြောင့် အဲဒါလုံးဝမရှိဘူးဆိုတာသေချာ တယ်။ လုံးဝပြောလို့ရတယ်”ဟု ၎င်းကဆိုသည်။ NLD အစိုးရလက်ထက်တွင် ဂမ်ဘီယာက စတင် တရား စွဲဆိုခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖြေရှင်းခဲ့ရာ NLD ထောက်ခံသူများက ဘင်္ဂါလီများကို လူမျိုးသုဉ်းမသတ်ကြောင်း ထောက်ခံစီ တန်းလှည့်လှည်ပွဲပင်ပြုလုပ်ခဲ့သည်။ ICJ တရား ရုံးရှေ့အထိလည်း ထောက်ခံခဲ့ကြသည်။ သို့သော် (၂၀၂၁)ခုနှစ် နိုင်ငံရေးအခင်းအကျင်းအပြီးတွင် ယင်း ထောက်ခံသူများကပင် လူမျိုးသုဉ်းသတ်သည်ဟုဆိုလာပြန်၏။ ICJ ကိစ္စသည် နိုင်ငံရေးလက်နက်လုပ် ရန် သင့်၊ မသင့်ကို စဉ်းစားနိုင်ဟန်မတူပေ။
နိုဝင်ဘာလ(၁၉)ရက်တွင် အမိန့်ချမည်။ မည်သို့ချပါမည်နည်း။ ရခိုင်ပြည်နယ်အရေး ကျွမ်းကျင် သူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဖြစ်နိုင်ခြေကိုတွက်ပြသည်။ “သူများတွေကတော့ သုံး မျိုးပြောတာပေါ့ဗျာ။ ပထမအချက်က Genocide ဆိုတဲ့ကိစ္စလည်း ခပ်ကြီးကြီးလာနိုင်တာပေါ့။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့လျှောက်လဲချက်အရရော၊ နှစ်ဖက်ကြားမှာလာနိုင်တယ်လို့ပြောတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို သက်သာခွင့်မပေးဘူးလို့လည်း ပြောကြတာပေါ့နော်” ဟု ဒေါက်တာအေးမောင် ကဆိုသည်။
အကယ်၍ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု မပြောဘဲ စစ်ရာဇဝတ်မှုဟုသတ်မှတ်ပါက မြန်မာဘက် က မည်မျှပင် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးဟု ပြောစေကာမူ မြန်မာဘက်နစ်နာစေရန် ဘင်္ဂါလီများ အနေဖြင့် အစုလိုက်အပြုံလိုက်သရုပ်ဆောင်သွားကြကြောင်း ဒေါက်တာအေးမောင်ကပြောသည်။ “သူတို့ ကို ပြန်သွင်းလက်ခံရမယ်။ အဲဒီအတွက် ဇုန်တစ်ခုလုပ်ပေးရမှာပေါ့။ အဲဒီအတွက် အရံအတားတစ်ခုပါ လာနိုင်တာပေါ့။ အဲဒီအခါမှာ သူတို့ရဲ့ လူဂုဏ်သိက္ခာ မထိခိုက်အောင်ဆိုပြီးပါလာနိုင်တယ်။ အဲဒီ သူတို့ ရည်ညွှန်းတဲ့အမည်ပေါ့ဗျာ အဲဒီအမည်နဲ့ပဲ တရားစီရင်ဆုံးဖြတ်နိုင်တဲ့အခါ ရခိုင်လူထုဘက်ကတော့ မွတ် စလင် ကွန်မြူနတီကို သူတို့ခေါ်တဲ့ ရိုဟင်ဂျာအဖြစ် ရခိုင်လူထုဘက်က လက်ခံမှာမဟုတ်ဘူး။ မြန်မာ အစိုးရဘက်ကလည်း လက်ခံမယ်မထင်ဘူး”ဟု ၎င်းကဆိုသည်။
ICJ ဘက်ကဆုံးဖြတ်ချက်ချလျှင် အချက်တိုင်းကို မြန်မာအစိုးရဘက်က လက်ခံမည်မဟုတ်ဟု ဒေါက်တာအေးမောင်ကသုံးသပ်သည်။ နိုင်ငံသားဖြစ်ခွင့်တောင်းလျှင် (၁၉၈၂)ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း စိစစ်မည်ဖြစ်သည်။ သို့မဟုတ် မလိုက် နာခြင်းကိုလည်းရွေးနိုင်သည်။ ICJ ၏ စီရင်ချက်ကို လိုက်နာရန်ပျက်ကွက်ပါက အခြားတစ်ဖက်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြပိုင်ခွင့်ရှိ ပြီး လုံခြုံရေးကောင်စီအနေဖြင့် အပိုဒ် (၉၄) (၂)အရ စီရင်ချက်အကောင်အထည်ဖော်ရေးဆိုင်ရာ အစီအမံ များ သို့မဟုတ် အကြံပြုချက်များကိုထုတ်ပြန်နိုင်သည်ဟုသိရသည်။ သို့သော် သမိုင်းတွင် လုံခြုံရေး ကောင်စီသည် ဤလုပ်ပိုင်ခွင့်ကို ယခုအချိန်ထိ အသုံးပြုခဲ့ခြင်း မရှိသေးပေ။
စီရင်ချက်များကို အပြည့်အဝလိုက်နာဆောင် ရွက်ရန်ပျက်ကွက်မှုများလည်းရှိခဲ့ကြပြီး ထင်ရှား သော ထိပ်သီးနိုင်ငံအချို့က ICJ ဆုံးဖြတ်ချက်များကို ပယ်ချခြင်း သို့မဟုတ် လျစ်လျူရှုခြင်းများလည်း ရှိခဲ့ကြ သည်။ “ICJ ကတော့ ကျွန်တော်တို့ ကြားသလောက်လေ မလိုက်နာမနေရ အဲဒီလိုတော့ မဟုတ် ဘူး။ တင်းတင်းကျပ်ကျပ်လိုက်နာရမယ်ဆိုရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အာဏာပါမှဖြစ် မှာကိုး။ အဲဒီလို ဖြစ်တဲ့အခါလည်း မြန်မာအစိုးရကိုထောက်ခံမယ့် လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေ လည်းရှိတယ်လို့ထင်တယ်။ နိုင်ငံသားတွေအကျိုးအတွက် နိုင်ငံတော်ဘက်က လက်မခံသင့်ဘူးလို့ ဆုံး ဖြတ်ရင် နိုင်ငံသူ၊ နိုင်ငံသားတွေ နားလည်၊ သဘောပေါက်အောင် ဒီအစိုးရဘက်တော့ ရှင်းရမှာပေါ့။ အဲဒီ လိုရှင်းရင်တော့ လက်ခံကြမယ်ထင်တယ် နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးနီးပါးလောက်ကလေ။ လက် မခံဘူးဆိုရင် နိုင်ငံရေးအမြတ်တောင် အစိုးရဘက်က ပိုရသွားနိုင်တာပေါ့။ အမျိုးသားရေး အရှိန်တက် သွားနိုင်တာပေါ့” ဟု ဒေါက်တာအေးမောင်ကဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများဖြစ်စဉ်က တောက် လျှောက်ရှိနေခဲ့ပြီး ကိုယ်တိုင်လည်း ဖြစ်စဉ်ဖြစ်ပွားရာ နေရာများသို့ရောက်ရှိခဲ့သူ ရခိုင်တိုင်းရင်းသားတစ် ဦးက လူမျိုးသုဉ်းသတ်ဖြတ်မှု လုံးဝမရှိဟုဆိုသည်။
“အဲဒီတုန်းကအခြေအနေတွေက ဇာတ်တိုက်ထားသလိုပဲ။ သူတို့ပဲ ရွာ မီးရှို့၊ သူတို့ပဲ ထွက်ပြေး တာပဲလေ။ လူမျိုးသုဉ်းသတ်ဖို့နေနေသာသာ ဒီကတောင် မသွားကြပါနဲ့၊ အေးချမ်းတယ်ပြန်လာနေကြ လို့ပြောခဲ့တာပဲမဟုတ်လား။ ဒီတော့ ICJ မှာဆုံးဖြတ်တာက ဘာပဲပြောပြော လိုက်နာဖို့တာဝန်မရှိဘူးလို့ မြန်မာနိုင်ငံသားအနေနဲ့မြင်တယ်” ဟု ၎င်းကဆိုသည်။ အခြားသတင်းရင်းမြစ်တစ်ဦးကမူ ICJ အနေဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုခွင့်ရှိသည်ဟုဆိုလျှင် မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများသို့ တရားစွဲ ဆိုခွင့် ရှိပါသလားဟု မေးခွန်းထုတ်သည်။
“ICJ က ဘယ်လို ဆုံးဖြတ်ချက်မျိုးပဲဖြစ်ပါစေ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကန့်ကွက် သင့်တယ်။ ဂမ်ဘီယာက မြန်မာနဲ့ ပဋိပက္ခဖြစ်ထားတာမရှိဘဲ တရားစွဲတာလေ။ ဟုတ်ပြီ ဒီလိုဆို မြန်မာ နိုင်ငံကကော တခြားနိုင်ငံတွေကို လိုက်ပြီးတရားစွဲမယ်။ ဒါဆိုရင်ရမှာလား”ဟု ၎င်းကဆိုသည်။ ICJ တွင် မည်သို့အမိန့်ချသည်ဖြစ်စေ ယင်းသည် မြန်မာနိုင်ငံသားများသို့လည်း သက်ရောက်မည်ဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် အမိန့်ချပြီးသည့်နောက် နိုင်ငံတကာမီဒီယာများနှင့်တွေ့ဆုံကာ ထုတ်ပြန်သတင်းစာရှင်း လင်းစေလိုကြောင်း နိုင်ငံတကာရေးရာကျွမ်းကျင်သူတစ်ဦးကဆိုသည်။
“Mr. Wang Yi wdkY Dr. S. Jaishankar တို့ တိုက်သလိုတိုက်ရမယ်။ (၁၉)ရက်နေ့ Result ထွက်မယ်ဆို နိုင်ငံတကာမီဒီယာတွေကို ဒီနေ့လောက်တည်းက (၂၀) ရက်အတွက်ခေါ်ထားမှာ။ ဒဲ့ချဲ တော့မယ်ဆိုတာ Pre message ပို့ထားတာပေါ့။ နိုင်ငံခြားရေးဝန်ကြီးထွက်ပြောတာမျိုး၊ ဒုတိယ သမ္မတ ကထွက် ပြောတာမျိုးပေါ့။ Xi Jinping တို့၊ Modi တို့က ထွက်မပြောဘူးလေ” ဟု ၎င်းကဆိုသည်။ မည် သို့ပင်ဆိုစေကာမူ နိုဝင်ဘာလ (၁၉)ရက်တွင် ICJ တရားရုံးရလဒ်ထွက်ပေတော့မည်။ မြန်မာဘက်က လည်း အချက်အလက်ခိုင်လုံစွာဖြင့် လျှောက်လဲချက်တို့ ပေးထားပြီးဖြစ်သည်။ အားရဖွယ်လည်း ကောင်း ပါ၏။ အခြေအနေကား မည်သို့လာပါမည်နည်း။ စောင့်ကြည့်ရပေလိမ့်မည်။

Zawgyi version:
ႏိုဝင္ဘာ (၁၉)တြင္အမိန႔္ခ်မည့္ ပြဲစားဂမ္ဘီယာ၏ ICJ အမႈ ျမန္မာတို႔ဂ႐ုစိုက္ရန္ လို/မလို
သုတေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၆
အာဖရိကတိုက္အတြင္းက ျမစ္ကမ္းႏွစ္ဖက္ကို ႏိုင္ငံျပဳထားေသာ ဂမ္ဘီယာက အျပည္ျပည္ ဆိုင္ရာ တရား႐ုံး (ICJ) တြင္ တရားစြဲဆိုထားေသာအခ်က္ကို လာမည့္ႏိုဝင္ဘာလ(၁၉)ရက္တြင္ အမိန႔္ ခ်ေတာ့မည္ျဖစ္သည္။
တရားစြဲဆိုရာတြင္ (၁၉၄၈)ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကိုတားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ (Genocide Convention) ကို ခ်ိဳးေဖာက္သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ ျမန္မာႏိုင္ငံကို စြဲဆိုထားျခင္းျဖစ္သည္။ ႏိုဝင္ဘာလ (၁၉)ရက္တြင္ အၿပီးသတ္စီရင္ခ်က္ခ်ၿပီးေနာက္ ယင္းကို အယူခံဝင္ ပိုင္ခြင့္ရွိမည္မဟုတ္ဘဲ တရား႐ုံးလုပ္ငန္းစဥ္မ်ားအားလုံးလည္း ၿပီးဆုံးသြားမည္ျဖစ္သည္။
ဂမ္ဘီယာဘက္ကတရားစြဲဆိုရာတြင္ (၂၀၁၆-၂၀၁၇)ခုႏွစ္အတြင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္း၌ နယ္ေျမရွင္းလင္းေရးစစ္ဆင္ေရးမ်ားမွာ လူမ်ိဳးသုဥ္းေစမႈျဖစ္သည္ဟူေသာစြပ္စြဲခ်က္မ်ားကိုသာ အဓိက အသားေပးေဖာ္ျပခဲ့ေၾကာင္းျမင္ရသည္။ သို႔ေသာ္ ARSA အၾကမ္းဖက္အဖြဲ႕၏တိုက္ခိုက္မႈကို တုံ႔ျပန္ခဲ့ ျခင္းျဖစ္ေၾကာင္းႏွင့္ ARSA ၿခိမ္းေျခာက္မႈမ်ားအေၾကာင္းကို ေလွ်ာ့ေပါ့ထားသည္။
ထူးျခားခ်က္မွာ ဂမ္ဘီယာအေနျဖင့္ မူလက ေက်း႐ြာေပါင္းရာခ်ီဟုဆိုခဲ့ေသာ္လည္း ျမန္မာဘက္ ကေခ်ပေသာအခါ စကားေျပာင္းသြားၿပီး မင္းႀကီး၊ ခြၽတ္ျပင္ႏွင့္ေမာင္ႏု ေက်း႐ြာ(၃)႐ြာကိုသာ အဓိက ထား စြပ္စြဲခဲ့သည္။ ထို႔ျပင္ ဂမ္ဘီယာဘက္ကတင္ေသာ သတ္ေသအားလုံးနီးပါးမွာ ARSA အေၾကာင္းကို မဟခဲ့ၾကေပ။ ျမန္မာတစ္ႏိုင္ငံလုံးသိေသာ ARSA ကို ဂမ္ဘီယာတင္သြင္းေသာသက္ေသတို႔က မသိျခင္း ေပေလာဟု ေမးခြန္းထုတ္ဖြယ္ျဖစ္လာသည္။
အခ်က္အလက္မ်ားအားလုံးကိုၿခဳံၾကည့္လွ်င္ ဂမ္ဘီယာကတရားစြဲေသာ္လည္း တိက်သည့္သက္ ေသမ်ားကို ေဖာ္ျပႏိုင္ျခင္းမရွိ။ သက္ေသထြက္ခဲ့ၾကသူအားလုံးမွာလည္း အမည္မေဖာ္လိုသူမ်ားသာျဖစ္ ေၾကာင္းျမင္ရၿပီး စြပ္စြဲေျပာဆိုထားခ်က္မ်ားမွာလည္း စိစစ္ထားျခင္းမရွိေပ။ တရားစြဲဆိုရင္း တစ္ဖက္ တြင္ ႐ိုဟင္ဂ်ာဆိုေသာအမည္ကို တရားဝင္သတ္မွတ္ရန္ ICJ တြင္ ဂမ္ဘီယာကႀကိဳးစားလာသည္။
ရခိုင္မွ ဘဂၤါလီမ်ား အစုလိုက္အၿပဳံလိုက္ထြက္ခြာစဥ္က တာဝန္ရွိသူမ်ားအေနျဖင့္ နယ္စပ္တြင္ ေမတၱာရပ္ခံ တားျမစ္ခဲ့ၾကေသးသည္။ သို႔ေသာ္ သည္ယုန္ျမင္၍သည္ခ်ဳံထြင္ေသာ ဘဂၤါလီ ေခါင္းေဆာင္ တို႔ေၾကာင့္ တားမရ။ ထို႔ျပင္ ဟိႏၵဴမိသားစုမ်ားသည္ပင္ ပါဝင္သြားခဲ့ၿပီး ၎တို႔က ျမန္မာႏိုင္ငံအတြင္းသို႔ ျပန္လိုသည္ဆိုသည့္တိုင္ ျပန္ခြင့္မေပးေသးေပ။ ပထမဦးစြာ စကားလုံး အျငင္းပြားဖြယ္ျဖစ္သည့္ ႐ိုဟင္ ဂ်ာဆိုေသာ အသုံးအႏႈန္းကိုေျပာရပါမည္။ ကိုလိုနီေခတ္က ရခိုင္ျပည္နယ္ရွိ ဘူးသီးေတာင္၊ ေမာင္ေတာ ေဒသသို႔ ထိုစဥ္က ဘဂၤလားနယ္မွဘဂၤါလီ လယ္လုပ္သားမ်ားကိုေခၚယူၿပီး လယ္ယာလုပ္ငန္းလုပ္ကိုင္ ရန္ အားေပးခဲ့သည္။ ယင္းလယ္သမားတို႔သည္ အစပိုင္းတြင္ ရိတ္သိမ္းခ်ိန္ အၿပီးျပန္ၾကေသာ္လည္း ေနာက္ပိုင္းတြင္ ေရရွည္ေနထိုင္ခဲ့ၾကသည္။ ထိုမွတစ္ဆင့္ လူဦးေရပြားမ်ားလာျခင္းျဖစ္ေၾကာင္းသိရၿပီး အဂၤလိပ္ကိုလိုနီေခတ္တြင္ ႐ိုဟင္ဂ်ာအေခၚမရွိေၾကာင္း လူမ်ိဳးေရးရာပညာရွင္တစ္ဦးကဆိုသည္။
“အဂၤလိပ္ေခတ္မွာ ႐ိုဟင္ဂ်ာ လုံးဝမရွိဘူး။ အဂၤလိပ္ေခတ္သန္းေခါင္စာရင္း ခုနစ္ခုလုံးကို ဖတ္ ၿပီးသြားၿပီ။ (၁၈၇၂ ကေန ၁၉၃၁)အထိ သန္းေခါင္စာရင္း ခုနစ္ခုရွိတယ္။ အဲဒီမွာ ႐ိုဟင္ဂ်ာနယ္ဆိုတာ လုံးဝမရွိဘူး”ဟု ၎ကဆိုသည္။ အဂၤလိပ္ကိုလိုနီေခတ္က ထုတ္ျပန္ေသာျပန္တမ္းမ်ားတြင္လည္း ႐ိုဟင္ ဂ်ာလူမ်ိဳးဟု ပါဝင္ျခင္းမရွိေၾကာင္း ၎ကဆိုသည္။
“အရင္က ကိုလိုနီေခတ္က ျမန္မာက အိႏၵိယ လက္ေအာက္ ေပါင္းအုပ္ခ်ဳပ္ခံရေတာ့ အိႏၵိယရဲ႕ ဘာသာေဗဒစစ္တမ္းမွာ ႐ိုဟင္ဂ်ာဆိုတာ လုံးဝမပါတာ။ ဒါေၾကာင့္ အဲဒါလုံးဝမရွိဘူးဆိုတာေသခ်ာ တယ္။ လုံးဝေျပာလို႔ရတယ္”ဟု ၎ကဆိုသည္။ NLD အစိုးရလက္ထက္တြင္ ဂမ္ဘီယာက စတင္ တရား စြဲဆိုခဲ့ျခင္းျဖစ္ၿပီး ထိုစဥ္က ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ေျဖရွင္းခဲ့ရာ NLD ေထာက္ခံသူမ်ားက ဘဂၤါလီမ်ားကို လူမ်ိဳးသုဥ္းမသတ္ေၾကာင္း ေထာက္ခံစီ တန္းလွည့္လွည္ပြဲပင္ျပဳလုပ္ခဲ့သည္။ ICJ တရား ႐ုံးေရွ႕အထိလည္း ေထာက္ခံခဲ့ၾကသည္။ သို႔ေသာ္ (၂၀၂၁)ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္းအၿပီးတြင္ ယင္း ေထာက္ခံသူမ်ားကပင္ လူမ်ိဳးသုဥ္းသတ္သည္ဟုဆိုလာျပန္၏။ ICJ ကိစၥသည္ ႏိုင္ငံေရးလက္နက္လုပ္ ရန္ သင့္၊ မသင့္ကို စဥ္းစားႏိုင္ဟန္မတူေပ။
ႏိုဝင္ဘာလ(၁၉)ရက္တြင္ အမိန႔္ခ်မည္။ မည္သို႔ခ်ပါမည္နည္း။ ရခိုင္ျပည္နယ္အေရး ကြၽမ္းက်င္ သူ ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က ျဖစ္ႏိုင္ေျခကိုတြက္ျပသည္။ “သူမ်ားေတြကေတာ့ သုံး မ်ိဳးေျပာတာေပါ့ဗ်ာ။ ပထမအခ်က္က Genocide ဆိုတဲ့ကိစၥလည္း ခပ္ႀကီးႀကီးလာႏိုင္တာေပါ့။ ေနာက္ၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕ေလွ်ာက္လဲခ်က္အရေရာ၊ ႏွစ္ဖက္ၾကားမွာလာႏိုင္တယ္လို႔ေျပာတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံကို သက္သာခြင့္မေပးဘူးလို႔လည္း ေျပာၾကတာေပါ့ေနာ္” ဟု ေဒါက္တာေအးေမာင္ ကဆိုသည္။
အကယ္၍ လူမ်ိဳးသုဥ္းသတ္ျဖတ္ျခင္းဟု မေျပာဘဲ စစ္ရာဇဝတ္မႈဟုသတ္မွတ္ပါက ျမန္မာဘက္ က မည္မွ်ပင္ နယ္ေျမရွင္းလင္းေရးစစ္ဆင္ေရးဟု ေျပာေစကာမူ ျမန္မာဘက္နစ္နာေစရန္ ဘဂၤါလီမ်ား အေနျဖင့္ အစုလိုက္အၿပဳံလိုက္သ႐ုပ္ေဆာင္သြားၾကေၾကာင္း ေဒါက္တာေအးေမာင္ကေျပာသည္။ “သူတို႔ ကို ျပန္သြင္းလက္ခံရမယ္။ အဲဒီအတြက္ ဇုန္တစ္ခုလုပ္ေပးရမွာေပါ့။ အဲဒီအတြက္ အရံအတားတစ္ခုပါ လာႏိုင္တာေပါ့။ အဲဒီအခါမွာ သူတို႔ရဲ႕ လူဂုဏ္သိကၡာ မထိခိုက္ေအာင္ဆိုၿပီးပါလာႏိုင္တယ္။ အဲဒီ သူတို႔ ရည္ၫႊန္းတဲ့အမည္ေပါ့ဗ်ာ အဲဒီအမည္နဲ႔ပဲ တရားစီရင္ဆုံးျဖတ္ႏိုင္တဲ့အခါ ရခိုင္လူထုဘက္ကေတာ့ မြတ္ စလင္ ကြန္ျမဴနတီကို သူတို႔ေခၚတဲ့ ႐ိုဟင္ဂ်ာအျဖစ္ ရခိုင္လူထုဘက္က လက္ခံမွာမဟုတ္ဘူး။ ျမန္မာ အစိုးရဘက္ကလည္း လက္ခံမယ္မထင္ဘူး”ဟု ၎ကဆိုသည္။
ICJ ဘက္ကဆုံးျဖတ္ခ်က္ခ်လွ်င္ အခ်က္တိုင္းကို ျမန္မာအစိုးရဘက္က လက္ခံမည္မဟုတ္ဟု ေဒါက္တာေအးေမာင္ကသုံးသပ္သည္။ ႏိုင္ငံသားျဖစ္ခြင့္ေတာင္းလွ်င္ (၁၉၈၂)ခုႏွစ္ ျမန္မာႏိုင္ငံသား ဥပေဒအတိုင္း စိစစ္မည္ျဖစ္သည္။ သို႔မဟုတ္ မလိုက္ နာျခင္းကိုလည္းေ႐ြးႏိုင္သည္။ ICJ ၏ စီရင္ခ်က္ကို လိုက္နာရန္ပ်က္ကြက္ပါက အျခားတစ္ဖက္ႏိုင္ငံသည္ ကုလသမဂၢလုံၿခဳံေရးေကာင္စီသို႔ တင္ျပပိုင္ခြင့္ရွိ ၿပီး လုံၿခဳံေရးေကာင္စီအေနျဖင့္ အပိုဒ္ (၉၄) (၂)အရ စီရင္ခ်က္အေကာင္အထည္ေဖာ္ေရးဆိုင္ရာ အစီအမံ မ်ား သို႔မဟုတ္ အႀကံျပဳခ်က္မ်ားကိုထုတ္ျပန္ႏိုင္သည္ဟုသိရသည္။ သို႔ေသာ္ သမိုင္းတြင္ လုံၿခဳံေရး ေကာင္စီသည္ ဤလုပ္ပိုင္ခြင့္ကို ယခုအခ်ိန္ထိ အသုံးျပဳခဲ့ျခင္း မရွိေသးေပ။
စီရင္ခ်က္မ်ားကို အျပည့္အဝလိုက္နာေဆာင္ ႐ြက္ရန္ပ်က္ကြက္မႈမ်ားလည္းရွိခဲ့ၾကၿပီး ထင္ရွား ေသာ ထိပ္သီးႏိုင္ငံအခ်ိဳ႕က ICJ ဆုံးျဖတ္ခ်က္မ်ားကို ပယ္ခ်ျခင္း သို႔မဟုတ္ လ်စ္လ်ဴရႈျခင္းမ်ားလည္း ရွိခဲ့ၾက သည္။ “ICJ ကေတာ့ ကြၽန္ေတာ္တို႔ ၾကားသေလာက္ေလ မလိုက္နာမေနရ အဲဒီလိုေတာ့ မဟုတ္ ဘူး။ တင္းတင္းက်ပ္က်ပ္လိုက္နာရမယ္ဆိုရင္ေတာ့ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ အာဏာပါမွျဖစ္ မွာကိုး။ အဲဒီလို ျဖစ္တဲ့အခါလည္း ျမန္မာအစိုးရကိုေထာက္ခံမယ့္ လုံၿခဳံေရး ေကာင္စီအဖြဲ႕ဝင္ႏိုင္ငံေတြ လည္းရွိတယ္လို႔ထင္တယ္။ ႏိုင္ငံသားေတြအက်ိဳးအတြက္ ႏိုင္ငံေတာ္ဘက္က လက္မခံသင့္ဘူးလို႔ ဆုံး ျဖတ္ရင္ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြ နားလည္၊ သေဘာေပါက္ေအာင္ ဒီအစိုးရဘက္ေတာ့ ရွင္းရမွာေပါ့။ အဲဒီ လိုရွင္းရင္ေတာ့ လက္ခံၾကမယ္ထင္တယ္ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြ အားလုံးနီးပါးေလာက္ကေလ။ လက္ မခံဘူးဆိုရင္ ႏိုင္ငံေရးအျမတ္ေတာင္ အစိုးရဘက္က ပိုရသြားႏိုင္တာေပါ့။ အမ်ိဳးသားေရး အရွိန္တက္ သြားႏိုင္တာေပါ့” ဟု ေဒါက္တာေအးေမာင္ကဆိုသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ ပဋိပကၡမ်ားျဖစ္စဥ္က ေတာက္ ေလွ်ာက္ရွိေနခဲ့ၿပီး ကိုယ္တိုင္လည္း ျဖစ္စဥ္ျဖစ္ပြားရာ ေနရာမ်ားသို႔ေရာက္ရွိခဲ့သူ ရခိုင္တိုင္းရင္းသားတစ္ ဦးက လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ လုံးဝမရွိဟုဆိုသည္။
“အဲဒီတုန္းကအေျခအေနေတြက ဇာတ္တိုက္ထားသလိုပဲ။ သူတို႔ပဲ ႐ြာ မီးရႈိ႕၊ သူတို႔ပဲ ထြက္ေျပး တာပဲေလ။ လူမ်ိဳးသုဥ္းသတ္ဖို႔ေနေနသာသာ ဒီကေတာင္ မသြားၾကပါနဲ႔၊ ေအးခ်မ္းတယ္ျပန္လာေနၾက လို႔ေျပာခဲ့တာပဲမဟုတ္လား။ ဒီေတာ့ ICJ မွာဆုံးျဖတ္တာက ဘာပဲေျပာေျပာ လိုက္နာဖို႔တာဝန္မရွိဘူးလို႔ ျမန္မာႏိုင္ငံသားအေနနဲ႔ျမင္တယ္” ဟု ၎ကဆိုသည္။ အျခားသတင္းရင္းျမစ္တစ္ဦးကမူ ICJ အေနျဖင့္ ျမန္မာႏိုင္ငံကို တရားစြဲဆိုခြင့္ရွိသည္ဟုဆိုလွ်င္ ျမန္မာႏိုင္ငံအေနျဖင့္လည္း အျခားႏိုင္ငံမ်ားသို႔ တရားစြဲ ဆိုခြင့္ ရွိပါသလားဟု ေမးခြန္းထုတ္သည္။
“ICJ က ဘယ္လို ဆုံးျဖတ္ခ်က္မ်ိဳးပဲျဖစ္ပါေစ ျမန္မာႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ကန႔္ကြက္ သင့္တယ္။ ဂမ္ဘီယာက ျမန္မာနဲ႔ ပဋိပကၡျဖစ္ထားတာမရွိဘဲ တရားစြဲတာေလ။ ဟုတ္ၿပီ ဒီလိုဆို ျမန္မာ ႏိုင္ငံကေကာ တျခားႏိုင္ငံေတြကို လိုက္ၿပီးတရားစြဲမယ္။ ဒါဆိုရင္ရမွာလား”ဟု ၎ကဆိုသည္။ ICJ တြင္ မည္သို႔အမိန႔္ခ်သည္ျဖစ္ေစ ယင္းသည္ ျမန္မာႏိုင္ငံသားမ်ားသို႔လည္း သက္ေရာက္မည္ျဖစ္သည္။ ျမန္မာ ႏိုင္ငံအေနျဖင့္ အမိန႔္ခ်ၿပီးသည့္ေနာက္ ႏိုင္ငံတကာမီဒီယာမ်ားႏွင့္ေတြ႕ဆုံကာ ထုတ္ျပန္သတင္းစာရွင္း လင္းေစလိုေၾကာင္း ႏိုင္ငံတကာေရးရာကြၽမ္းက်င္သူတစ္ဦးကဆိုသည္။
“Mr. Wang Yi wdkY Dr. S. Jaishankar တို႔ တိုက္သလိုတိုက္ရမယ္။ (၁၉)ရက္ေန႔ Result ထြက္မယ္ဆို ႏိုင္ငံတကာမီဒီယာေတြကို ဒီေန႔ေလာက္တည္းက (၂၀) ရက္အတြက္ေခၚထားမွာ။ ဒဲ့ခ်ဲ ေတာ့မယ္ဆိုတာ Pre message ပို႔ထားတာေပါ့။ ႏိုင္ငံျခားေရးဝန္ႀကီးထြက္ေျပာတာမ်ိဳး၊ ဒုတိယ သမၼတ ကထြက္ ေျပာတာမ်ိဳးေပါ့။ Xi Jinping တို႔၊ Modi တို႔က ထြက္မေျပာဘူးေလ” ဟု ၎ကဆိုသည္။ မည္ သို႔ပင္ဆိုေစကာမူ ႏိုဝင္ဘာလ (၁၉)ရက္တြင္ ICJ တရား႐ုံးရလဒ္ထြက္ေပေတာ့မည္။ ျမန္မာဘက္က လည္း အခ်က္အလက္ခိုင္လုံစြာျဖင့္ ေလွ်ာက္လဲခ်က္တို႔ ေပးထားၿပီးျဖစ္သည္။ အားရဖြယ္လည္း ေကာင္း ပါ၏။ အေျခအေနကား မည္သို႔လာပါမည္နည္း။ ေစာင့္ၾကည့္ရေပလိမ့္မည္။

မူရင်းသတင်း — NP News