Eleven Media Group

မြန်မာနိုင်ငံ၌ သတ္တုတူးဖော်မှုများနှင့်ပတ်သက်၍  တရုတ်နှင့်အတူ စိုးရိမ်ကြောင်း ထိုင်းပြောကြား

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းများကို ချဲ့ထွင်နေခြင်းနှင့်ပတ်သက်၍ တရုတ်နှင့်အတူ ထိုင်းနိုင်ငံက စိုးရိမ်ကြောင်း ပြောကြားရန် ပြင်ဆင်နေသည်ဟု သိရသည်။

ယင်းသို့ သတ္တုတူးဖော်ခြင်းက ချင်းရိုင်၌ ရေညစ်ညမ်းမှုများနှင့် ဆက်စပ်နေပုံရသည်ဟု ထိုင်းနိုင်ငံက ပြောကြားသည်။ ထိုကြောင့် ထိုင်းနိုင်ငံက ဒေသခံများအတွက် အခြားနည်းလမ်းဖြင့် ရေရှိစေရန်ဆောင် ရွက်နေသည်ဟု ဆိုသည်။

ထိုင်း၏ဒုတိယပြည်ထဲရေးဝန်ကြီး ဂျာဆက်ဆိုင်ဘတ်သည် နိုဝင်ဘာ ၁၄ ရက်တွင် ချင်းရိုင်၏ Mae Fa Luang ထဲက ဘင်ဖာရာဖရိုင်သို့သွားခဲ့ပြီးမြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်ရှိ သတ္တုတူးဖော်ရာဒေသများကို နယ်စပ်၏ထိုင်းဘက်ခြမ်းမှ စစ်ဆေးခဲ့သည်။

သတ္တုတူးဖော်သည့် လုပ်ငန်းများသည် တစ်နှစ်အတွင်း အရွယ်အစား နှစ်ဆရှိလာနိုင်သည်ဟု ခန့်မှန်းကြောင်း ဂျာဆက်က ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနုတင်ချာနီဝီရာကူးလ်က ထိုကိစ္စကို တရုတ်ဝန်ကြီးနှင့် ဆွေးနွေးထားပြီးဖြစ်သည်ဟု ဂျာဆက်က ပြောကြားခဲ့ကာ ဓာတ်သတ္တုထုတ်လုပ်မှု၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ သတ္တုတွင်းလုပ်ငန်း အတွက် သွင်းအားစုများ၊ ထိုင်းနိုင်ငံသို့ ဝင်လာသော ဓာတ်သတ္တုများနှင့်သက်ဆိုင်သော သတင်းအချက်အလက်အပြည့်အစုံကို စုဆောင်ရန် ထိုင်းဝန်ကြီးချုပ်က ဂျာဆက်ကို ညွှန်ကြားထားသည်ဟု ဆိုသည်။

ထို့အပြင် ယင်းလုပ်ငန်းများတွင် ထိုင်းလုပ်ငန်းများ သို့မဟုတ် ထိုင်းတစ်သီးပုဂ္ဂလပုဂ္ဂိုလ်များ ပါဝင်ပတ်သက်မှုရှိမရှိ အချက်အလက်စုဆောင်းရန် ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားသည်ဟု ဆိုသည်။

တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးရာတွင် မိမိ၏တွေ့ရှိချက်များကို တင်ပြရန်ရည်ရွယ်သည်ဟု ဂျာဆက်က ပြောကြားခဲ့သည်။

တရုတ်က ယင်းပြဿနာသည် အာရုံစိုက်ရန် လုံလောက်သောပြဿနာဖြစ်သည်ဟု‌‌ ပြောလာမည်ဆိုပါက အခြေအနေသည် တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျာဆက်က ပြောကြားခဲ့သည်။

Ref: The Nation

မူရင်းသတင်း — Eleven Media Group